ႏိုင္ငံအဝန္း ေက်ာင္းသားေက်ာင္းသူ ၅၈ သိန္းေက်ာ္ စတင္ပညာသင္ယူေန

၂၀၂၅-၂၀၂၆ ခုႏွစ္ ပညာသင္ႏွစ္အတြက္ ႏိုင္ငံအဝန္းမွာ ေက်ာင္းသူ ေက်ာင္းသား ၅၈ သိန္းေက်ာ္ စတင္ ပညာသင္ယူေနၿပီလို႔ ပညာေရးဝန္ႀကီးဌာနထံက သိရပါတယ္။

၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ အေျခခံပညာေက်ာင္းေတြကို ေနျပည္ေတာ္ေကာင္စီ နယ္ေျမအပါအဝင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးကအေျခခံပညာေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြမွာ ေမလ ၂ ရက္ေန႔ မနက္ပိုင္းက စတင္ဖြင့္လွစ္သင္ၾကားေနၿပီျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းေတြ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းနဲ႔ ကိုယ္ပိုင္ေက်ာင္းေတြမွာ ပညာသင္ယူေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၅၈၂၂၉၅၄ ဦး တက္ေရာက္ပညာသင္ သိရပါတယ္။

၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္မွာ အေျခခံပညာမူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသား/ေက်ာင္းသူေတြကို ေက်ာင္းအပ္ႏွံခ်ိန္မွာ သင္႐ိုး ၫႊန္းတန္းစာအုပ္ေတြ၊ ဗလာစာအုပ္ေတြ စာေရးကိရိယာေတြကို အခမဲ့ထုတ္ေပးၿပီး KG နဲ႔မူလတန္း ေက်ာင္းသား/ေက်ာင္းသူေတြကို ေက်ာင္းဝတ္စုံေတြအခမဲ့ ေပးအပ္ေနတယ္လို႔ သိရပါတယ္။

#PAN
__________________________

နိုင်ငံအဝန်း ကျောင်းသားကျောင်းသူ ၅၈ သိန်းကျော် စတင်ပညာသင်ယူနေ
========================
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံအဝန်းမှာ ကျောင်းသူ ကျောင်းသား ၅၈ သိန်းကျော် စတင် ပညာသင်ယူနေပြီလို့ ပညာရေးဝန်ကြီးဌာနထံက သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကအခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ မေလ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၂၂၉၅၄ ဦး တက်ရောက်ပညာသင် သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းအပ်နှံချိန်မှာ သင်ရိုး ညွှန်းတန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ စာရေးကိရိယာတွေကို အခမဲ့ထုတ်ပေးပြီး KG နဲ့မူလတန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေအခမဲ့ ပေးအပ်နေတယ်လို့ သိရပါတယ်။

#PAN