ႏိုင္ငံသားတိုင္းက ကိုယ့္ႏိုင္ငံကိုယ္ တန္ဖိုးထား ခ်စ္ျမတ္ႏိုးေသာ (We Love Myanmar)(We Are Myanmar) စိတ္ဓါတ္ရွိဖို႔လိုေၾကာင္း ပါတီဒုတိယဥကၠဌ ဦးလွထြန္းမွ မႏၲေလးတိုင္းေဒသႀကီး ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲ၌ ေျပာၾကား
မႏၲေလး ေမ ၃၀
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဒုတိယဥကၠ႒ဦးလွထြန္းသည္ ဗဟိုအလုပ္အမႈေဆာင္
ဦးတင့္လႈိင္ျမင့္ လိုက္ပါလ်က္ ေမလ(၃၀)ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး၊တိုင္း၊ခရိိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဒုတိယဥကၠမွ မၾကာခင္ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားအား တိုင္ပင္ေဆြးေႏြးရန္ လာေရာက္ျခင္းျဖစ္ေၾကာင္း၊ ျပည္နယ္ႏွင့္တိုင္းဥကၠဌမ်ားကို
Zoom Meeting ျဖင့္ အစည္းအေဝးျပဳလုပ္၍ မွာၾကားၿပီး ျဖစ္သလို၊ တက္ေရာက္လာၾကသူမ်ား အေနျဖင့္လည္း လက္ရွိပကတိ ေျမျပင္ အေျခအေနမွန္မ်ားကိုတင္ျပေစလိုေၾကာင္း ဦးစြာႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ခ႐ိုင္/ၿမိဳ႕နယ္ဥကၠ႒မ်ားႏွင့္ တိုင္းေကာ္တီဝင္မ်ားမွ ၎တို႔တာဝန္ယူထားရေသာ နယ္ေျမမ်ားအလိုက္ တင္ျပေဆြးေႏြးခဲ့ၾကၿပီး တိုင္းပါတီအတြင္းေရးမႉးႏွင့္ တိုင္းပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုး တို႔မွ လိုအပ္ခ်က္မ်ား ျဖည့္စြက္ေဆြးေႏြးခဲ့ပါသည္။
တင္ျပ ေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္၍ ပါတီဒုတိယဥကၠမွ ျပန္လည္သုံးသပ္ေဆြးေႏြးေပးခဲ့ၿပီး မိမိယုံၾကည္ခ်က္၊ခံယူခ်က္က မိမိဘဝကိုေျပာင္းလဲႏိုင္ေၾကာင္း၊ႏိုင္ငံသားတိုင္းက ကိုယ့္ႏိုင္ငံကိုယ္ တန္ဖိုးထား ခ်စ္ျမတ္ႏိုးေသာ (We Love Myanmar)(We Are Myanmar) စိတ္ဓါတ္ရွိဖို႔လိုေၾကာင္း၊
စည္းလုံးညီၫြတ္ေရးသည္ လြန္စြာအေရးႀကီးေၾကာင္း၊စည္းလုံးညီၫြတ္မႈမရွိရင္အခ်ဳပ္အျခာအာဏာပါ ထိခိုက္ႏိုင္ေၾကာင္း၊ မိမိကိုယ္မိမိ ယုံၾကည္မႈရွိေအာင္ တည္ေဆာက္ၿပီး မိိမိေနာက္ ပါလာေအာင္စည္း႐ုံးရမည္ျဖစ္ေၾကာင္း ၊ပါတီေအာင္ႏိုင္ေရးအတြက္ စည္းလုံးညီၫြတ္စြာလုပ္ေဆာင္ၾကရန္ မွာၾကားခဲ့ပါသည္။
ဆက္လက္၍ ပါတီဒုတိယဥကၠ႒သည္မတ္လ (၂၈)ရက္ေန႔က ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရေသာ မႏၲေလးတိုင္းေဒသႀကီး၊တိုင္းပါတီ႐ုံးအားၾကည့္ရႈစစ္ေဆးခဲ့ပါသည္။———————————
နိုင်ငံသားတိုင်းက ကိုယ့်နိုင်ငံကိုယ် တန်ဖိုးထား ချစ်မြတ်နိုးသော (We Love Myanmar)(We Are Myanmar) စိတ်ဓါတ်ရှိဖို့လိုကြောင်း ပါတီဒုတိယဥက္ကဌ ဦးလှထွန်းမှ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ၌ ပြောကြား
==============================
မန္တလေး မေ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင်
ဦးတင့်လှိုင်မြင့် လိုက်ပါလျက် မေလ(၃၀)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊တိုင်း၊ခရိိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကမှ မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား တိုင်ပင်ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဥက္ကဌများကို
Zoom Meeting ဖြင့် အစည်းအဝေးပြုလုပ်၍ မှာကြားပြီး ဖြစ်သလို၊ တက်ရောက်လာကြသူများ အနေဖြင့်လည်း လက်ရှိပကတိ မြေပြင် အခြေအနေမှန်များကိုတင်ပြစေလိုကြောင်း ဦးစွာနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ဥက္ကဋ္ဌများနှင့် တိုင်းကော်တီဝင်များမှ ၎င်းတို့တာဝန်ယူထားရသော နယ်မြေများအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့မှ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
တင်ပြ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပါတီဒုတိယဥက္ကမှ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ပြီး မိမိယုံကြည်ချက်၊ခံယူချက်က မိမိဘဝကိုပြောင်းလဲနိုင်ကြောင်း၊နိုင်ငံသားတိုင်းက ကိုယ့်နိုင်ငံကိုယ် တန်ဖိုးထား ချစ်မြတ်နိုးသော (We Love Myanmar)(We Are Myanmar) စိတ်ဓါတ်ရှိဖို့လိုကြောင်း၊
စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးကြောင်း၊စည်းလုံးညီညွတ်မှုမရှိရင်အချုပ်အခြာအာဏာပါ ထိခိုက်နိုင်ကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိအောင် တည်ဆောက်ပြီး မိိမိနောက် ပါလာအောင်စည်းရုံးရမည်ဖြစ်ကြောင်း ၊ပါတီအောင်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဒုတိယဥက္ကဋ္ဌသည်မတ်လ (၂၈)ရက်နေ့က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော မန္တလေးတိုင်းဒေသကြီး၊တိုင်းပါတီရုံးအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။