ပုသိမ် မေ ၃၁
___________________________
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့ရှိ မြို့မိမြို့ဖများ၊ဒေသခံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
============================
ပုသိမ် မေ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ပုသိမ်မြို့၌ မြို့မိမြို့ဖများ၊ဒေသခံလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့် တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ဒေသ၏ လိုအပ်ချက်များ ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ နှင့် ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးဆိုင်ရာများအား ပြည်သူလူထု နှင့်လက်တွဲပူပေါင်းဆောင်ရွက်ရေး ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။