ျပည္ေထာင္စုႀကံ့ခိုင္ေရးဖြံ႕ၿဖိဳးေရးပါတီဒုတိယဥကၠ႒ ဦးလွထြန္း မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံ



ျပင္ဦးလြင္ ေမ ၃၁

ျပည္ေထာင္စုႀကံ့ခိုင္ေရးဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းသည္ ဗဟိုအတိုင္ပင္ခံ ဦးရဲျမင့္ ႏွင့္အတူ ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လႈိင္ျမင့္ လိုက္ပါလ်က္ ေမလ (၃၁)ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံရာတြင္ ပါတီဒုတိယဥကၠ႒မွ ယခုလိုလာေရာက္ေတြ႕ဆုံျခင္းသည္ တိုင္းျပည္အေျခအေနမ်ားကို သိရွိေစရန္ႏွင့္ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ လာေရာက္ရွင္းျပျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ပါတီသည္အသင္းဘဝမွ (၂၀၁၀)တြင္ပါတီအျဖစ္အသြင္ကူးေျပာင္းၿပီး ႏိုင္ငံႏွင့္ျပည္သူ႔အက်ိဳးကို ေဆာင္႐ြက္ခဲ့တာ အားလုံးသိရွိၿပီးျဖစ္ေၾကာင္း၊ မိမိတို႔ျဖတ္သန္းလာရေသာအေတြ႕အႀကဳံမ်ားထဲမွ ေကာင္းသည့္အရာေတြကိုယူၿပီး၊ မေကာင္းသည့္အရာမ်ားကိုေဘးဖယ္ကာ၊ျပင္ဆင္သင့္တာေတြ ျပင္ဆင္ၾကရမည္ျဖစ္ေၾကာင္း၊ေျပာင္းသင့္တာေတြကို ေျပာင္းရမည္ျဖစ္ေၾကာင္း၊ ပကတိ အေျခအေနမွန္မ်ားကိုတင္ျပေစလိုေၾကာင္း ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားပါသည္။

ဗဟိုအတိုင္ပင္ခံ ဦးရဲျမင့္မွ မိမိတို႔တြင္အေတြ႕အႀကဳံမ်ားစြာရွိေၾကာင္း၊အေတြ႕အႀကဳံမ်ားႏွင့္ ေျမျပင္အေျခအေနကို ေပါင္းစပ္လုပ္ကိုင္ရန္ လိုေၾကာင္း၊ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ပူးေပါင္းၿပီး ပိုမိုအရွိန္ေကာင္းေအာင္လုပ္ေဆာင္ၾကရန္ မွာၾကားပါသည္။

၎ေနာက္ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ဥကၠ႒တို႔မွေျမျပင္အေျခအေန၊ ပါတီလုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈမ်ား၊ ဆက္လက္လုပ္ေဆာင္သြားမည့္ပါတီလုပ္ငန္းမ်ားအား တင္ျပေဆြးေႏြးခဲ့ပါသည္။

တင္ျပေဆြးေႏြးမႈအေပၚ ပါတီဒုတိယဥကၠ႒မွျပန္လည္သုံးသပ္ ေဆြးေႏြးၿပီး စိတ္ဓာတ္၊စည္းကမ္း၊ႀကံ့ခိုင္၊စည္းလုံး ဟူေသာ မိမိတို႔ပါတီေဆာင္ပုဒ္အတိုင္း တိုင္းျပည္ကိုေကာင္းေအာင္လုပ္မည္ ဟူေသာ စိတ္ရွိရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းသည္ ပါတီတစ္ခုရဲ႕အသက္ျဖစ္သျဖင့္ စည္းကမ္းသည္အေရးႀကီးေၾကာင္း၊ ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ႏိုင္ရန္အတြက္ က်န္းမာႀကံ့ခိုင္ေနဖို႔လည္း လိုေၾကာင္း၊ ႏြားကြဲလွ်င္ က်ားဆြဲမည္ဆိုသည့္အတိုင္း မိမိတို႔အခ်င္းခ်င္း စည္းစည္းလုံးလုံးျဖင့္ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ ႀကိဳးစားေဆာင္႐ြက္ၾကရန္မွာၾကားခဲ့ပါသည္။
____________________________________

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
==========================
ပြင်ဦးလွင် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် လိုက်ပါလျက် မေလ (၃၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌမှ ယခုလိုလာရောက်တွေ့ဆုံခြင်းသည် တိုင်းပြည်အခြေအနေများကို သိရှိစေရန်နှင့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လာရောက်ရှင်းပြခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီသည်အသင်းဘဝမှ (၂၀၁၀)တွင်ပါတီအဖြစ်အသွင်ကူးပြောင်းပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဆောင်ရွက်ခဲ့တာ အားလုံးသိရှိပြီးဖြစ်ကြောင်း၊ မိမိတို့ဖြတ်သန်းလာရသောအတွေ့အကြုံများထဲမှ ကောင်းသည့်အရာတွေကိုယူပြီး၊ မကောင်းသည့်အရာများကိုဘေးဖယ်ကာ၊ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ပြောင်းသင့်တာတွေကို ပြောင်းရမည်ဖြစ်ကြောင်း၊ ပကတိ အခြေအနေမှန်များကိုတင်ပြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါသည်။

ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှ မိမိတို့တွင်အတွေ့အကြုံများစွာရှိကြောင်း၊အတွေ့အကြုံများနှင့် မြေပြင်အခြေအနေကို ပေါင်းစပ်လုပ်ကိုင်ရန် လိုကြောင်း၊ ခရိုင်နှင့်မြို့နယ်ပူးပေါင်းပြီး ပိုမိုအရှိန်ကောင်းအောင်လုပ်ဆောင်ကြရန် မှာကြားပါသည်။

၎င်းနောက် ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌတို့မှမြေပြင်အခြေအနေ၊ ပါတီလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဆက်လက်လုပ်ဆောင်သွားမည့်ပါတီလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပါသည်။

တင်ပြဆွေးနွေးမှုအပေါ် ပါတီဒုတိယဥက္ကဋ္ဌမှပြန်လည်သုံးသပ် ဆွေးနွေးပြီး စိတ်ဓာတ်၊စည်းကမ်း၊ကြံ့ခိုင်၊စည်းလုံး ဟူသော မိမိတို့ပါတီဆောင်ပုဒ်အတိုင်း တိုင်းပြည်ကိုကောင်းအောင်လုပ်မည် ဟူသော စိတ်ရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည် ပါတီတစ်ခုရဲ့အသက်ဖြစ်သဖြင့် စည်းကမ်းသည်အရေးကြီးကြောင်း၊ ပါတီလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်နေဖို့လည်း လိုကြောင်း၊ နွားကွဲလျှင် ကျားဆွဲမည်ဆိုသည့်အတိုင်း မိမိတို့အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။