ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိမ္း ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
ပုသိမ္ ေမ ၃၁
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏႈိင္းေရးမႉးဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းသည္ ပါတီဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္အတူ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္/ခ႐ိုင္ တစ္ခုခ်င္းအလိုက္ ပါတီတာဝန္ရွိသူမ်ား၊ တိုင္းပါတီေကာ္မတီဝင္မ်ားႏွင့္ ၂၀၂၅ ခုႏွစ္ ေမလ ၂၉ ရက္ေန႔မွ ၃၁ ရက္ေန႔အထိ (၃)ရက္တိုင္တိုင္ေတြ႕ဆုံ၍ ပါတီေရးရာမ်ား ေတြ႕ဆုံံေဆြးေႏြးေဆာင္႐ြက္ခဲ့ပါသည္။
အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တိုင္းပါတီဥကၠဌ ဦးသိန္းထြန္းႏွင့္အတူ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္အလိုက္ ပါတီတာဝန္ရွိသူမ်ား စုံညီစြာ တက္ေရာက္၍ေဆြးေႏြးခဲ့ၾကပါသည္။
အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ဒုတိယဥကၠဌမွသက္ဆိုင္ရာနယ္ေျမအလိုက္ တင္ျပေသာ ပကတိအေျခအေနမ်ားအေပၚမူတည္၍ အေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာၿပီးေျမာက္ေရးဝိုင္းဝန္းႀကိဳးစားအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရမွာျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္
ဘာပဲလုပ္လုပ္ ျပည္သူ႔အက်ိဳးေရွ႕ရႈ၍ ျပည္သူသာပထမ (People first ) ျပည္သူသာပဓာန စိတ္ျဖင့္ေဆာင္႐ြက္သြားၾကရန္”လိုေၾကာင္း၊ ႏိုင္ငံေရးလုပ္ငန္းစဥ္မွန္သမွ်ပရဟိတစိတ္ျဖင့္ေဆာင္႐ြက္ ရန္ႏွင့္ ယခုေတြ႕ဆုံေဆြးေႏြးမႈမ်ားမွရရွိလာေသာ အားသာ/အားနည္းခ်က္မ်ားကို ကာလသုံးပါးမွန္ကန္စြာရႈျမင္သုံးသပ္၍ ဆက္လက္ျပင္ဆင္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ျဖည့္စြက္ေဆြးေႏြးမွာၾကားၿပီး လိုအပ္ခ်က္မ်ားအားေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။
_______________________
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
===================
ပုသိမ် မေ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များနှင့် ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံ၍ ပါတီရေးရာများ တွေ့ဆုံံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်းနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အလိုက် ပါတီတာဝန်ရှိသူများ စုံညီစွာ တက်ရောက်၍ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဥက္ကဌမှသက်ဆိုင်ရာနယ်မြေအလိုက် တင်ပြသော ပကတိအခြေအနေများအပေါ်မူတည်၍ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးဝိုင်းဝန်းကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
ဘာပဲလုပ်လုပ် ပြည်သူ့အကျိုးရှေ့ရှု၍ ပြည်သူသာပထမ (People first ) ပြည်သူသာပဓာန စိတ်ဖြင့်ဆောင်ရွက်သွားကြရန်”လိုကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်မှန်သမျှပရဟိတစိတ်ဖြင့်ဆောင်ရွက် ရန်နှင့် ယခုတွေ့ဆုံဆွေးနွေးမှုများမှရရှိလာသော အားသာ/အားနည်းချက်များကို ကာလသုံးပါးမှန်ကန်စွာရှုမြင်သုံးသပ်၍ ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။