ေ႐ႊတံဆိပ္ဆုဆြတ္ခူးခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္း

တ႐ုတ္ႏိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပလ်က္ရွိေသာ တ႐ုတ္-အာဆီယံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၌ ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္းသည္ ေ႐ႊတံဆိပ္တစ္ခုဆြတ္ခူးထားေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသားပိုက္ေက်ာ္ျခင္းအသင္းသည္ (၃)ေယာက္တြဲ Men Regu event ၏ ဗိုလ္လုပြဲ၌ မေလးရွားအသင္းကို ထိုက္တန္စြာအႏိုင္ယူၿပီးေနာက္ ေ႐ႊတံဆိပ္ဆုဆြတ္ခူးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၃)ေယာက္တြဲၿပိဳင္ပြဲ၌ ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္းသည္ အုပ္စုတြင္းပြဲစဥ္မ်ားတြင္ အိမ္ရွင္တ႐ုတ္ႏိုင္ငံအသင္း၊ မေလးရွားႏိုင္ငံအသင္းတိုကိုအႏိုင္ရခဲ့ၿပီး ဆီမီးဖိုင္နယ္ပြဲစဥ္တြင္လည္း လာအိုႏိုင္ငံအသင္းကိုအႏိုင္ယူခဲ့ၿပီးေနာက္ ဗိုလ္လုပြဲစဥ္တြင္ မေလးရွားႏိုင္ငံအသင္းကို ထပ္မံအႏိုင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
________________________

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း
===================
တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတိုကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။