မျိုးဗီဇပြုပြင်ရေးနည်းလမ်းကို သုံးပြီး HIV ရောဂါပိုးကို ဆဲလ်တွေထဲမှ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့

နယ်သာလန်တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့ဟာ နိုဘယ်ဆုရ မျိုးဗီဇပြုပြင်ရေး နည်းပညာကို အသုံးပြုပြီး ရောဂါပိုးကူးစက်ခံရတဲ့ ဆဲလ်တွေထဲကနေ HIV ရောဂါပိုးကို အောင်မြင်စွာ ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါတယ်။

ဒါဟာ ကိုယ်မလိုချင်တဲ့ အစိတ်အပိုင်းကို ကတ်ကြေးနဲ့ လှီးဖြတ်ဖယ်ရှားလိုက်တဲ့ ပုံစံမျိုးဖြစ်ပြီး မော်လီကျူးလို အင်မတန်သေးငယ်လွန်းတဲ့ အဆင့်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ဆေးဝါးတွေဟာ HIV ရောဂါပိုးကို ဆက်မပွားလာအောင် တားဆီးထိန်းသိမ်းနိုင်ပေမဲ့ အမြစ်ပြတ် တိုက်ဖျက်နိုင်ခြင်းတော့ မရှိပါဘူး။ အခုတွေ့ရှိခဲ့တဲ့ နည်းလမ်းသစ်ကတော့ HIV ရောဂါပိုးကို အမြစ်ပြတ် ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းဟာ ဘေးကင်းလုံခြုံမှုရှိလား၊ ထိရောက်မှုရှိလားဆိုတာ အတိအကျသိနိုင်ဖို့တော့ လုပ်ဆောင်ရမယ့်အဆင့်ပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်ပြီး မကြာခင်အချိန်အတွင်း ကုသမှုနည်းလမ်းအဖြစ် သတ်မှတ်နိုင်ဖို့တော့ မရှိသေးပါဘူး။

Ref: Scientists say they can cut HIV out of cells