စစ်ကိုင်း မေ ၂၉
_____________________
ပါတီ ဒုတိယဥက္ကဌ ဦးလှထွန်းမှ သီတဂူဆရာတော် ဘဒ္ဒန္တဒေါက်တာဉာဏိဿရအား သွားရောက်ကြည်ညိုဖူးမြှော်ကန်တော့၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံရှူံးခဲ့သော စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများဆက်ကပ်လှူဒါန်း
=================================
စစ်ကိုင်း မေ ၂၉
စစ်ကိုင်းမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းသည် (၂၉-၅-၂၀၂၅) ရက်နေ့၌ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီတဂူဝိပသနာ အကယ်ဒမီကျောင်း၌ သီတင်းသုံးတော်မူသော သီတဂူဆရာတော်ဘဒ္ဒန္တ ဒေါက်တာဉာဏိဿရအား
သွားရောက်ကြည်ညို ဖူးမြှော်ကန်တော့၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံရှူံးခဲ့ရသော စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ရာ သီတဂူအဓိပတိဆရာတော်ကြီးမှ လမ်းညွှန်ဩဝါဒများ မိန့်ကြားတော်မူ ခဲ့ပါသည်။