သံမဏိႏွင့္ အလူမီနီယံသြင္းကုန္မ်ားအေပၚ အခြန္ထပ္တိုးမည္ဟု သမၼတေဒၚ နယ္ထရန႔္ ေျပာၾကား

======================
အေမရိကန္ႏိုင္ငံသို႔ တင္သြင္းမည့္ သံမဏိႏွင့္အလူမီနီယံမ်ားကို ၂၅ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းထိ အခြန္ျမႇင့္တင္မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ က ေမလ ၃၀ ရက္တြင္ ထုတ္ေဖာ္ေျပာၾကား လိုက္သည္။

အေမရိကန္သံမဏိထုတ္လုပ္ေရးလုပ္ငန္း အားေကာင္းခိုင္မာေနေစေရးအတြက္ အေမရိကန္ႏိုင္ငံသို႔ တင္သြင္းမည့္ သံမဏိႏွင့္အလူမီနီယံမ်ားကို ၂၅ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းထိ အခြန္ျမႇင့္တင္စည္းၾကပ္ရန္ စီစဥ္ထားေၾကာင္း သမၼတ ေဒၚနယ္ထရန႔္က ၎ကို အားေပးေထာက္ခံသူမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သို႔ရာတြင္ အေမရိကန္အစိုးရက သံမဏိႏွင့္အလူမီနီယံသြင္းကုန္မ်ားအေပၚ အခြန္စည္းၾကပ္မႈ ထပ္တိုး ခဲ့ပါက ႏိုင္ငံတကာ သံမဏိထုတ္လုပ္ေရးလုပ္ငန္းမ်ားအေပၚ ဖိအားေပးႏိုင္ၿပီး ကုန္သြယ္ေရးစစ္ပြဲ ပို၍ျပင္းထန္ လာႏိုင္ေၾကာင္း ေလ့လာသူမ်ားက သုံးသပ္ထားသည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံႏွင့္ရယူထားေသာ အခြန္စည္းၾကပ္မႈမ်ားႏွင့္ ကုန္သြယ္ေရး ကန႔္သတ္ခ်က္မ်ား အျပန္အလွန္႐ုပ္သိမ္းေရး သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ေနေၾကာင္း စြပ္စြဲခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံသို႔ တင္သြင္းမည့္ သံမဏိႏွင့္အလူမီနီယံတို႔ကို အခြန္စည္းၾကပ္မႈ ျမႇင့္တင္မည္ျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ထရန႔္ က ေၾကညာခဲ့ျခင္းျဖစ္သည္။

သံမဏိႏွင့္အလူမီနီယံသြင္းကုန္မ်ားကို အခြန္စည္းၾကပ္မႈျမႇင့္တင္မည့္ သမၼတ ေဒၚနယ္ထရန႔္ ၏ အစီအစဥ္ကို ကေနဒါကုန္သည္ႀကီးမ်ားအသင္းအျပင္ အင္ဒို-ပစိဖိတ္မဟာမိတ္ႏိုင္ငံျဖစ္သည့္ ဩစေၾတးလ်ႏိုင္ငံ ကလည္း ေဝဖန္ထားေၾကာင္း သိရသည္။
————————-

သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် အခွန်ထပ်တိုးမည်ဟု သမ္မတဒေါ် နယ်ထရန့် ပြောကြား
======================
အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံများကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်တင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မေလ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

အမေရိကန်သံမဏိထုတ်လုပ်ရေးလုပ်ငန်း အားကောင်းခိုင်မာနေစေရေးအတွက် အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံများကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်တင်စည်းကြပ်ရန် စီစဉ်ထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်းကို အားပေးထောက်ခံသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အမေရိကန်အစိုးရက သံမဏိနှင့်အလူမီနီယံသွင်းကုန်များအပေါ် အခွန်စည်းကြပ်မှု ထပ်တိုး ခဲ့ပါက နိုင်ငံတကာ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ဖိအားပေးနိုင်ပြီး ကုန်သွယ်ရေးစစ်ပွဲ ပို၍ပြင်းထန် လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်ရယူထားသော အခွန်စည်းကြပ်မှုများနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များ အပြန်အလှန်ရုပ်သိမ်းရေး သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံတို့ကို အခွန်စည်းကြပ်မှု မြှင့်တင်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့ခြင်းဖြစ်သည်။

သံမဏိနှင့်အလူမီနီယံသွင်းကုန်များကို အခွန်စည်းကြပ်မှုမြှင့်တင်မည့် သမ္မတ ဒေါ်နယ်ထရန့် ၏ အစီအစဉ်ကို ကနေဒါကုန်သည်ကြီးများအသင်းအပြင် အင်ဒို-ပစိဖိတ်မဟာမိတ်နိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံ ကလည်း ဝေဖန်ထားကြောင်း သိရသည်။