မုံ႐ြာၿမိဳ႕နယ္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္/ေမာ္ေတာ္ဆိုင္ကယ္ေတြကို ေဖာ္ထုတ္ဖမ္းဆီးေန

မုံ႐ြာၿမိဳ႕နယ္မွာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္/ ေမာ္ေတာ္ဆိုင္ကယ္ေတြ လုံးဝမရွိေစဖို႔ ေဖာ္ထုတ္ဖမ္းဆီးမႈေတြလုပ္ေဆာင္ေနတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ထံမွ သိရပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးရဲ႕လမ္းၫႊန္မႈနဲ႔ မုံ႐ြာခ႐ိုင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္/ ေမာ္ေတာ္ဆိုင္ကယ္မ်ား စိစစ္ေဖာ္ထုတ္ အေရးယူေရးအဖြဲ႕ေခါင္းေဆာင္တဲ့ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ယာယီဒုတိယရဲမႉးႀကီး တင္ေအာင္ ဦးေဆာင္တဲ့အဖြဲ႕ေဆာင္႐ြက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီအဖြဲ႕ဟာ ဒီေန႔ နံနက္ ၉ နာရီကစၿပီး မုံ႐ြာၿမိဳ႕နယ္ ေက်ာကၠာလမ္းေပၚက ဆိုင္ကယ္ေရာင္းဝယ္ေရးဆိုင္ေတြ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံကာ စည္ပင္လုပ္ငန္းလိုင္စင္၊ ေရာင္းခ်ခြင့္လိုင္စင္၊ အခြန္ေဆာင္ထားရွိမႈစတဲ့ ‌သတ္မွတ္လုပ္ငန္းလိုင္စင္ေတြ ရွိ/မရွိ ၾကည့္ရႈစစ္ေဆးခဲ့ၿပီး တရားမဝင္ ေမာ္ေတာ္ဆိုင္ကယ္ လုံးဝေရာင္းခ်ျခင္း မျပဳလုပ္ၾကဖို႔ေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ မုံ႐ြာၿမိဳ႕နယ္အတြင္းမွာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္/ေမာ္ေတာ္ဆိုင္ကယ္ေတြ(လုံးဝ)မရွိေစဖို႔ကိုလည္း ေဖာ္ထုတ္ဖမ္းဆီးေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

မုံ႐ြာၿမိဳ႕နယ္အတြင္းမွာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြ၊ တရားမဝင္ေမာ္ေတာ္ဆိုင္ကယ္ေတြကို နယ္စပ္ေဒသေတြက တရားမဝင္ခိုးသြင္းေနသလို ယာဥ္လိုင္စင္အတု၊ နံပါတ္ျပားအတု ျပဳလုပ္ၿပီး၊ ေမာင္းႏွင္အသုံးျပဳေနတာေတြေၾကာင့္ ႏိုင္ငံေတာ္အခြန္ဘ႑ာေငြ ဆုံးရႈံးေစတဲ့အျပင္ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးကိုပါ အားနည္းခ်က္ျဖစ္ေပၚေစတာေၾကာင့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္ေတြကို စိစစ္ေဖာ္ထုတ္အေရးယူေနတဲ့အဖြဲ႕ဟာ ထိထိေရာက္ေရာက္ ေဖာ္ထုတ္ဖမ္းဆီးေနတာျဖစ္တယ္လို႔ သိရပါတယ္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္/ ဆိုင္ကယ္ေတြကို အသုံးျပဳၿပီး အၾကမ္းဖက္မႈေတြ မိုင္းေထာင္ေဖာက္ခြဲမႈေတြ လက္နက္/ခဲယမ္း၊ မူးယစ္ေဆးဝါးနဲ႔ တရားမ၀င္ကုန္ပစၥည္းသယ္ေဆာင္မႈေတြကို က်ဴးလြန္ေနတာေၾကာင့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ /ဆိုင္ကယ္ေတြကို ထိေရာက္စြာ ေဖာ္ထုတ္ ဖမ္းဆီး အေရးယူမႈေတြကို စဥ္ဆက္မပ်က္ အရွိန္အဟုန္ျမႇင့္ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔လည္း စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

ခုလိုေဆာင္႐ြက္ရာမွာ မုံ႐ြာၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ /ေမာ္ေတာ္ဆိုင္ကယ္ေတြ (လုံးဝ)မရွိေစေရး စီမံခ်က္ခ်မွတ္ၿပီး ေဖာ္ထုတ္ဖမ္းဆီးေဆာင္႐ြက္တာေတြအျပင္ မုံ႐ြာၿမိဳ႕နယ္အတြင္းက ဆိုင္ကယ္ Showroom အေရာင္းဆိုင္ေတြမွာ လိုင္စင္မဲ့ဆိုင္ကယ္ေတြ ပါဝင္ေနမႈ ရွိ/မရွိ ကိုလည္း အဖြဲ႕စုံနဲ႔ စစ္ေဆးေဆာင္႐ြက္တာေတြကိုလည္း ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

#PAN
__________________________________

မုံရွာမြို့နယ် လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်တွေကို ဖော်ထုတ်ဖမ်းဆီးနေ
=====================

မုံရွာမြို့နယ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်တွေ လုံးဝမရှိစေဖို့ ဖော်ထုတ်ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့လမ်းညွှန်မှုနဲ့ မုံရွာခရိုင် လိုင်စင်မဲ့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ် အရေးယူရေးအဖွဲ့ခေါင်းဆောင်တဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တင်အောင် ဦးဆောင်တဲ့အဖွဲ့ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ဒီနေ့ နံနက် ၉ နာရီကစပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှုစတဲ့ ‌သတ်မှတ်လုပ်ငန်းလိုင်စင်တွေ ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး တရားမဝင် မော်တော်ဆိုင်ကယ် လုံးဝရောင်းချခြင်း မပြုလုပ်ကြဖို့ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်တွေ(လုံးဝ)မရှိစေဖို့ကိုလည်း ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ၊ တရားမဝင်မော်တော်ဆိုင်ကယ်တွေကို နယ်စပ်ဒေသတွေက တရားမဝင်ခိုးသွင်းနေသလို ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတု ပြုလုပ်ပြီး၊ မောင်းနှင်အသုံးပြုနေတာတွေကြောင့် နိုင်ငံတော်အခွန်ဘဏ္ဍာငွေ ဆုံးရှုံးစေတဲ့အပြင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အားနည်းချက်ဖြစ်ပေါ်စေတာကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်၊ ဆိုင်ကယ်တွေကို စိစစ်ဖော်ထုတ်အရေးယူနေတဲ့အဖွဲ့ဟာ ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

လိုင်စင်မဲ့မော်တော်ယာဉ်/ ဆိုင်ကယ်တွေကို အသုံးပြုပြီး အကြမ်းဖက်မှုတွေ မိုင်းထောင်ဖောက်ခွဲမှုတွေ လက်နက်/ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ တရားမ၀င်ကုန်ပစ္စည်းသယ်ဆောင်မှုတွေကို ကျူးလွန်နေတာကြောင့် လိုင်စင်မဲ့မော်တော်ယာဉ် /ဆိုင်ကယ်တွေကို ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီး အရေးယူမှုတွေကို စဥ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ခုလိုဆောင်ရွက်ရာမှာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် /မော်တော်ဆိုင်ကယ်တွေ (လုံးဝ)မရှိစေရေး စီမံချက်ချမှတ်ပြီး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်တာတွေအပြင် မုံရွာမြို့နယ်အတွင်းက ဆိုင်ကယ် Showroom အရောင်းဆိုင်တွေမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ပါဝင်နေမှု ရှိ/မရှိ ကိုလည်း အဖွဲ့စုံနဲ့ စစ်ဆေးဆောင်ရွက်တာတွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#PAN