China-Asean Cup ၿပိဳင္ပြဲတြင္ ျမန္မာပိုက္ေက်ာ္ျခင္း ယွဥ္ၿပိဳင္မည္



တ႐ုတ္ႏိုင္ငံက အိမ္ရွင္ႏိုင္ငံအျဖစ္ လက္ခံက်င္းပမဲ့ 2025 China Asean Cup ဖိတ္ေခၚ ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲမွာ ျမန္မာ့လက္ေ႐ြးစင္ ပိုက္ေက်ာ္ျခင္းအသင္း ပါဝင္ယွဥ္ၿပိဳင္သြားမယ္လို႔ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ကေန သိရပါတယ္။

အဲဒီၿပိဳင္ပြဲကို ဇြန္(၁)ရက္ကေန (၄)ရက္အထိ တ႐ုတ္ႏိုင္ငံ Huishui(ေဟြ႕ရွီ)ၿမိဳ႕မွာ က်င္းပသြားမွာပါ။ ၿပိဳင္ပြဲမွာ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္း၊ ဗီယက္နမ္၊ လာအို၊ ကေမာၻဒီးယား၊ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံက ပိုက္ေက်ာ္ျခင္း အဖြဲ႕ေတြ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနနဲ႔ အမ်ိဳးသားအသင္းနဲ႔ အမ်ိဳးသမီးအသင္း (၂)သင္း ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ၿပိဳင္ပြဲ အမ်ိဳးအစားအေနနဲ႔ (၃)ေယာက္တြဲနဲ႔ (၄)ေယာက္တြဲ ၿပိဳင္ပြဲ ႏွစ္ရပ္ကို ယွဥ္ၿပိဳင္ၾကမွာ ျဖစ္တယ္လို႔ သိရ ပါတယ္။ အခုၿပိဳင္ပြဲအတြက္ ကစားသမားေတြေတြထဲမွာ ၿပီးခဲ့တဲ့ India World Cup ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ ခဲ့ၾကတဲ့ ေဇာ္မင္းခန္႔နဲ႔သန္႔ဇင္ထြန္းတို႔ႏွစ္ေယာက္ ျပန္လည္ပါဝင္လာသလို ဇင္မင္းဦး၊ ေအာင္ေအာင္၊ ရဲထက္နဲ႔ ဟန္ဝင္းထြဋ္တို႔ ပါဝင္လာတယ္လို႔ သိရပါတယ္။
————————————

China-Asean Cup ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း ယှဉ်ပြိုင်မည်
————————–
တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမဲ့ 2025 China Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ကနေ သိရပါတယ်။

အဲဒီပြိုင်ပွဲကို ဇွန်(၁)ရက်ကနေ (၄)ရက်အထိ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့မှာ ကျင်းပသွားမှာပါ။ ပြိုင်ပွဲမှာ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့တွေ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေနဲ့ (၃)ယောက်တွဲနဲ့ (၄)ယောက်တွဲ ပြိုင်ပွဲ နှစ်ရပ်ကို ယှဥ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခုပြိုင်ပွဲအတွက် ကစားသမားတွေတွေထဲမှာ ပြီးခဲ့တဲ့ India World Cup ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ ဇော်မင်းခန့်နဲ့သန့်ဇင်ထွန်းတို့နှစ်ယောက် ပြန်လည်ပါဝင်လာသလို ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နဲ့ ဟန်ဝင်းထွဋ်တို့ ပါဝင်လာတယ်လို့ သိရပါတယ်။