ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Iskander Azizov အား လက္ခံေတြ႕ဆုံ
ေမ ၂၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Iskander Azizov အား ၂၀၂၅ ခုႏွစ္၊ ေမလ (၂၉)ရက္ေန႔ နနက္ (၁၀၀၀) နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္၊ ဥကၠ႒႐ုံး ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ပါတီမ်ားအၾကား သေဘာတူညီခ်က္စာခ်ဳပ္ပါ အခ်က္မ်ား ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဦးေအးလြင္ႏွင့္ ဦးျမင့္ကိုကိုတို႔ တက္ေရာက္ၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Iskander Azizov ႏွင့္အတူ အဖြဲ႕ဝင္ (၁)ဦးတက္ေရာက္ခဲ့ၾကပါသည္။
______________________________________
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား လက်ခံတွေ့ဆုံ
===========
မေ ၂၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား ၂၀၂၅ ခုနှစ်၊ မေလ (၂၉)ရက်နေ့ နနက် (၁၀၀၀) နာရီအချိန်တွင် ပါတီဌာနချုပ်၊ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပါတီများအကြား သဘောတူညီချက်စာချုပ်ပါ အချက်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအေးလွင်နှင့် ဦးမြင့်ကိုကိုတို့ တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov နှင့်အတူ အဖွဲ့ဝင် (၁)ဦးတက်ရောက်ခဲ့ကြပါသည်။