ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ား ေမွ်ာ္မွန္းခ်က္ျဖစ္ေသာ ဒီမိုကေရစီဖက္ဒရယ္စနစ္ ဆိုတာ အမ်ားစု၏ဆႏၵကို ဥပေဒႏွင့္အညီ သဟဇာတရွိရွိ စည္းလုံးညီၫြတ္စြာ ေပါင္းစည္း ေနထိုင္ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ပါတီဒုတိယဥကၠ႒ဦးလွထြန္း ေျပာၾကား



စစ္ကိုင္း ေမ ၂၉

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဒုတိယဥကၠ႒ဦးလွထြန္းသည္ ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လႈိင္ျမင့္လိုက္ပါလ်က္ ေမလ(၂၉)ရက္ေန႔တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ရွိ ခ႐ိုင္ပါတီ႐ုံးအစည္းအေဝးခန္းမ၌ တိုင္းပါတီဥကၠ႒ဦးမင္းမင္းေဇယ်ာျမင့္ႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ားအား ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံရာ၌ ပါတီဒုတိယဥကၠ႒မွ ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ အခက္အခဲမ်ားရွိေနသည္ကိုနားလည္ေၾကာင္း၊သို႔ေသာ္ ရပ္တန႔္မေနပဲ အားလုံးညႇိညႇိႏႈိင္းႏႈိင္း တိုင္ပင္ေဆြးေႏြး၍ လုပ္ေဆာင္ၾကရန္လိုေၾကာင္း ဦးစြာ ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားခဲ့ပါသည္။

၎ေနာက္ တိုင္း၊ခ႐ိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားမွ ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ေနမႈ အေျခအေနမ်ား၊ႀကဳံေတြရသည့္ အခက္အခဲမ်ား၊ဆက္လက္လုပ္ေဆာင္သြားမည့္ ပါတီလုပ္ငန္းမ်ားအားတင္ျပေဆြးေႏြးခဲ့ၾကပါသည္။တင္ျပေဆြးေႏြးမႈမ်ားအေပၚ တိုင္းပါတီဥကၠ႒မွ လိုအပ္ခ်က္မ်ား
ျဖည့္စြက္ေဆြးေႏြးခဲ့ပါသည္။

ဆက္လက္၍ တိုင္း၊ခ႐ိုင္၊ၿမိဳ႕နယ္မ်ား၏ တင္ျပခ်က္မ်ားအား ပါတီဒုတိယဥကၠ႒မွ ျပန္လည္သုံးသပ္ေဆြးေႏြး ခဲ့ၿပီး ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ ဆိုသည္မွာ အမ်ားစုက ေ႐ြးခ်ယ္ျခင္း၊အမ်ားစု၏ဆႏၵကို ဥပေဒႏွင့္အညီ စီမံေဖာ္ေဆာင္ျခင္းျဖစ္ ေၾကာင္း၊ ဖက္ဒရယ္ဆိုသည္မွာ ေပါင္းစည္းေနထိုင္ျခင္း၊ သဟဇာတျဖစ္ျခင္း၊ မွ်ေဝခံစားျခင္း၊အုပ္ခ်ဳပ္မႈတာဝန္ ခြဲေဝလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊
မၾကာခင္ျပဳလုပ္က်င္းပမည့္ ေ႐ြးေကာက္ပြဲအတြက္လည္း အဆင္သင့္ျဖစ္ေနရန္လိုေၾကာင္း၊
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွ G-12 ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/သူ မ်ား အခက္အခဲမရွိ အဆင္ေျပေျပေကာင္းမြန္စြာေျဖဆိုႏိုင္ေရး ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊
အခက္အခဲမ်ားရွိေသာ္လည္း မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကိုယ္တိုင္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ႀကဳံေတြ႕ရသည့္အခက္အခဲမ်ားကိုအားလုံးေဆြးေႏြးတိုင္ပင္ၿပီးလုပ္ေဆာင္ၾကရန္ ေျပာၾကားခဲ့ပါသည္။

၎ေနာက္ ပါတီဒုတိယဥကၠ႒သည္ ခ႐ိုင္ပါတီ႐ုံးအတြင္း လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ပါတီ႐ုံးဝန္း သန္႔ရွင္းသာယာလွပေရး၊ပါတီပိုင္ပစၥည္းမ်ားအား စည္ကမ္းရွိရွိစနစ္တက် ထိန္းသိမ္းရန္ မွာၾကားခဲ့ပါသည္။

ထိုမွတစ္ဆင့္ ပါတီဒုတိယဥကၠ႒သည္ မတ္လ (၂၈)ရက္ေန႔က ငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ရေသာ မႏၲေလးတိုင္းေဒသႀကီး၊အမရပူရခ႐ိုင္/ၿမိဳ႕နယ္ပါတီ႐ုံးအား သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ပါသည္။
________________________________

ပြည်ထောင်စုဖွား တိုင်းရင်းသားများ မျှော်မှန်းချက်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်စနစ် ဆိုတာ အများစု၏ဆန္ဒကို ဥပဒေနှင့်အညီ သဟဇာတရှိရှိ စည်းလုံးညီညွတ်စွာ ပေါင်းစည်း နေထိုင်ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း ပြောကြား
==============================
စစ်ကိုင်း မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်လိုက်ပါလျက် မေလ(၂၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းပါတီဥက္ကဋ္ဌဦးမင်းမင်းဇေယျာမြင့်နှင့် တိုင်းပါတီကော်မတီဝင်များအား တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာ၌ ပါတီဒုတိယဥက္ကဋ္ဌမှ ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်အခဲများရှိနေသည်ကိုနားလည်ကြောင်း၊သို့သော် ရပ်တန့်မနေပဲ အားလုံးညှိညှိနှိုင်းနှိုင်း တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင်ကြရန်လိုကြောင်း ဦးစွာ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

၎င်းနောက် တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများမှ ပါတီလုပ်ငန်းများလုပ်ဆောင်နေမှု အခြေအနေများ၊ကြုံတွေရသည့် အခက်အခဲများ၊ဆက်လက်လုပ်ဆောင်သွားမည့် ပါတီလုပ်ငန်းများအားတင်ပြဆွေးနွေးခဲ့ကြပါသည်။တင်ပြဆွေးနွေးမှုများအပေါ် တိုင်းပါတီဥက္ကဋ္ဌမှ လိုအပ်ချက်များ
ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တိုင်း၊ခရိုင်၊မြို့နယ်များ၏ တင်ပြချက်များအား ပါတီဒုတိယဥက္ကဋ္ဌမှ ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဆိုသည်မှာ အများစုက ရွေးချယ်ခြင်း၊အများစု၏ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်းဖြစ် ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊
မကြာခင်ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေရန်လိုကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ G-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူ များ အခက်အခဲမရှိ အဆင်ပြေပြေကောင်းမွန်စွာဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
အခက်အခဲများရှိသော်လည်း မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကြုံတွေ့ရသည့်အခက်အခဲများကိုအားလုံးဆွေးနွေးတိုင်ပင်ပြီးလုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌသည် ခရိုင်ပါတီရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါတီရုံးဝန်း သန့်ရှင်းသာယာလှပရေး၊ပါတီပိုင်ပစ္စည်းများအား စည်ကမ်းရှိရှိစနစ်တကျ ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် ပါတီဒုတိယဥက္ကဋ္ဌသည် မတ်လ (၂၈)ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့ရသော မန္တလေးတိုင်းဒေသကြီး၊အမရပူရခရိုင်/မြို့နယ်ပါတီရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။