လူထုျဖန႔္ပ်ိဳးပင္မ်ားအား ေဒသခံျပည္သူမ်ားအေနျဖင့္ အခမဲ့လာေရာက္ထုတ္ယူ စိုက္ပ်ိဳးႏိုင္
မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကု)ၿမိဳ႕နယ္၌ ၂၀၂၅ ခုႏွစ္အတြင္းမွာ မိုးရာသီသစ္ပင္စိုက္ပ်ိဳးႏိုင္ရန္ ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနက ေက်ာက္တန္းအၿမဲတမ္းပ်ိဳးဥယ်ာဥ္ႏွင့္ မင္းဘူး-အမ္း ကားလမ္းမေဘးရွိ ကန္ေရပ်ိဳးဥယ်ာဥ္တို႔၌ လူထုျဖန႔္ပ်ိဳးပင္ေပါင္း ၄၄,၀၀၀ ေက်ာ္ ပ်ိဳးေထာင္ထားရွိၿပီး ေဒသခံျပည္သူမ်ားအေနနဲ႔ အခမဲ့လာေရာက္ထုတ္ယူ၍ စိုက္ပ်ိဳးႏိုင္ေၾကာင္း သိရပါတယ္။
လူထုျဖန႔္ပ်ိဳးပင္မ်ား ျဖန႔္ေဝေပးရာတြင္ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ႐ုံးမ်ား၊ စာသင္ေက်ာင္း၊ ဘုန္းေတာ္ ႀကီးေက်ာင္းႏွင့္ သာသနာ့နယ္ေျမမ်ား၊ ၿမိဳ႕နယ္အတြင္းရွိရပ္ကြက္ႏွင့္ ေက်း႐ြာမ်ားအပါအဝင္ သစ္ပင္စိုက္ပ်ိဳးပြဲေတာ္မ်ား အတြက္ ယခုႏွစ္ မိုးရာသီကာလမွာ သစ္ပင္စိုက္ပ်ိဳးႏိုင္ရန္ အခမဲ့ျဖန႔္ေဝေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။
ေဒသတြင္း လူထုျဖန႔္ပ်ိဳးပင္မ်ား ျဖန႔္ေဝစိုက္ပ်ိဳးျခင္းအားျဖင့္ သဘာဝပတ္ဝန္းက်င္ စိမ္းလန္းစိုျပည္လာၿပီး ရာသီဥတုေျပာင္းလဲမႈမ်ား ေလ်ာ့က်ကာ ျပည္သူမ်ားအေနနဲ႔ သစ္ပင္စိုက္ပ်ိဳးလိုစိတ္ျဖစ္ေပၚလာျခင္းႏွင့္ သစ္ပင္မ်ားကို ခ်စ္ခင္ျမတ္ႏိုးတန္ဖိုးထားတတ္လာႏိုင္ၿပီး လူထုျဖန႔္ပ်ိဳးပင္မ်ား ပ်ိဳးေထာင္ရာတြင္လည္း ေဒသခံျပည္သူမ်ား စိတ္ပါဝင္ စားစြာစိုက္ပ်ိဳးႏိုင္ေစရန္ အရိပ္ရ၊ ေဆးဖက္ဝင္၊ ပန္းပြင့္သည့္ အပင္မ်ားႏွင့္ သစ္ရရွိႏိုင္မည့္အပင္မ်ားကို ေ႐ြးခ်ယ္၍ ပ်ိဳးပင္အမ်ိဳးအစားေပါင္း ၁၂ မ်ိဳးကို ပ်ိဳးေထာင္ထားပါတယ္။
မင္းဘူး(စကု)ၿမိဳ႕နယ္၌ ၂၀၂၅ ခုႏွစ္အတြက္ ျပည္သူလူထုထံအခမဲ့ျဖန႔္ေဝေပးမည့္ လူထုျဖန႔္ပ်ိဳးပင္မ်ားမွာ ကြၽန္း၊ ပိေတာက္၊ ရင္းမာ၊ ကုကၠိဳ၊ စိန္ပန္းႀကီး၊ တမာ၊ ထိုင္ဝမ္ဗာဒံ၊ မည္စည္၊ ဆီး၊ ျမင္ဝါး၊ စိန္တံခ်ဴ၊ ယူကလစ္ စတဲ့ ပ်ိဳးပင္ေပါင္း ၄၄,၂၀၀ ကို ပ်ိဳးေထာင္ထားရွိၿပီးျဖစ္တာေၾကာင့္ ျပည္သူမ်ားအေနနဲ႔ မိမိတို႔စိုက္ပ်ိဳးလိုေသာ ပ်ိဳးပင္မ်ားကို ေက်ာက္တန္း အၿမဲတမ္းပ်ိဳးဥယ်ာဥ္ႏွင့္ ကန္ေရပ်ိဳးဥယ်ာဥ္တို႔၌ အခမဲ့လာေရာက္ထုတ္ယူ၍ စိုက္ပ်ိဳးႏိုင္ေၾကာင္း သိရပါတယ္။
________________________
လူထုဖြန့်ပျိုးပင်များအား ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်
==================
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွင်းမှာ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ် သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့် မင်းဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄,၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေနဲ့ အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။
လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ ဘုန်းတော် ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊ မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများအပါအဝင် သစ်ပင်စိုက်ပျိုးပွဲတော်များ အတွက် ယခုနှစ် မိုးရာသီကာလမှာ သစ်ပင်စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒေသတွင်း လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာပြီး ရာသီဥတုပြောင်းလဲမှုများ လျော့ကျကာ ပြည်သူများအနေနဲ့ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာခြင်းနှင့် သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာနိုင်ပြီး လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ရာတွင်လည်း ဒေသခံပြည်သူများ စိတ်ပါဝင် စားစွာစိုက်ပျိုးနိုင်စေရန် အရိပ်ရ၊ ဆေးဖက်ဝင်၊ ပန်းပွင့်သည့် အပင်များနှင့် သစ်ရရှိနိုင်မည့်အပင်များကို ရွေးချယ်၍ ပျိုးပင်အမျိုးအစားပေါင်း ၁၂ မျိုးကို ပျိုးထောင်ထားပါတယ်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် ပြည်သူလူထုထံအခမဲ့ဖြန့်ဝေပေးမည့် လူထုဖြန့်ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ရင်းမာ၊ ကုက္ကို၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗာဒံ၊ မည်စည်၊ ဆီး၊ မြင်ဝါး၊ စိန်တံချူ၊ ယူကလစ် စတဲ့ ပျိုးပင်ပေါင်း ၄၄,၂၀၀ ကို ပျိုးထောင်ထားရှိပြီးဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်များကို ကျောက်တန်း အမြဲတမ်းပျိုးဥယျာဉ်နှင့် ကန်ရေပျိုးဥယျာဉ်တို့၌ အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။