ဘက္တစ္ ကို အႏိုင္ရရွိကာ ကြန္းဖရန႔္လိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္း

ေမလ ၂၉ ရက္အေစာပိုင္းက ကစားခဲ့တဲ့ ကြန္းဖရန႔္လိဂ္ ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းက ဘက္တစ္အသင္းကို ၄ ဂိုး ၁ တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ကြန္းဖရန႔္လိဂ္ ခ်န္ပီယံကို ရရွိခဲ့ပါတယ္။

အခုပြဲစဥ္မွာ ပထမပိုင္းပြဲစဥ္တြင္ ဘက္တစ္အသင္း က ခ်ဲလ္ဆီးအသင္းကို ပြဲခ်ိန္ ၉ မိနစ္မွာ အက္ဇယ္ဇူလီ သြင္းဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဘက္တစ္အသင္းက ခ်ဲလ္ဆီးအသင္းကို ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္အထိ ဖိအားေပး ကစားထားႏိုင္ေပမယ့္ အဆုံးသတ္မေသခ်ာမႈေတြေၾကာင့္ နစ္နာခဲ့ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မွာ အန္ဇိုဖာနန္ဒက္ဇ္ က ခ်ဲလ္ဆီးအသင္းအတြက္ ေခ်ပဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး အႏိုင္ေသခ်ာေစမယ့္သြင္းဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၇၀ မိနစ္မွာ ဂ်က္ဆန္၊ ပြဲခ်ိန္ ၈၃ မိနစ္မွာ ဆန္ခ်ိဳ ႏွင့္ ပြဲခ်ိန္ ၉၁ မိနစ္မွာ ကိုင္စီဒို တို႔ကသြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အခုႏိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးအသင္းက ဥေရာပၿပိဳင္ပြဲ သုံးခုမွာ ဗိုလ္စြဲႏိုင္တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့ပါတယ္။
______________________________

ဘက်တစ် ကို အနိုင်ရရှိကာ ကွန်းဖရန့်လိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်း
=====================
မေလ ၂၉ ရက်အစောပိုင်းက ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက ဘက်တစ်အသင်းကို ၄ ဂိုး ၁ တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွန်းဖရန့်လိဂ် ချန်ပီယံကို ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ပထမပိုင်းပွဲစဉ်တွင် ဘက်တစ်အသင်း က ချဲလ်ဆီးအသင်းကို ပွဲချိန် ၉ မိနစ်မှာ အက်ဇယ်ဇူလီ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဘက်တစ်အသင်းက ချဲလ်ဆီးအသင်းကို ပွဲချိန် မိနစ် ၆၀ ကျော်အထိ ဖိအားပေး ကစားထားနိုင်ပေမယ့် အဆုံးသတ်မသေချာမှုတွေကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၆၅ မှာ အန်ဇိုဖာနန်ဒက်ဇ် က ချဲလ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့်သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇၀ မိနစ်မှာ ဂျက်ဆန်၊ ပွဲချိန် ၈၃ မိနစ်မှာ ဆန်ချို နှင့် ပွဲချိန် ၉၁ မိနစ်မှာ ကိုင်စီဒို တို့ကသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းက ဥရောပပြိုင်ပွဲ သုံးခုမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။