ASEAN All-Stars အသင္းကို ရႈံးနိမ့္ၿပီးေနာက္ အသင္း၏စြမ္းေဆာင္မႈကို အာမိုရင္မ္ အျပစ္တင္


======================================
မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အာမိုရင္မ္က ယေန႔ယွဥ္ၿပိဳင္ကစားခဲ့သည့္ ေျခစမ္းပြဲတြင္ ASEAN All-Stars အသင္းကို ရႈံးနိမ့္ၿပီးေနာက္ အသင္း၏စြမ္းေဆာင္မႈကို အျပစ္တင္ေျပာၾကားခဲ့သည္။

ေမ (၂၈) ရက္က မေလးရွားႏိုင္ငံတြင္ က်င္းပခဲ့သည့္ ေျခစမ္းပြဲတြင္ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ASEAN All-Stars အသင္းကို ျမန္မာ့လက္ေ႐ြးစင္ ေမာင္ေမာင္လြင္၏ တစ္လုံးတည္းေသာသြင္းဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယင္းပြဲစဥ္ေျခစြမ္းႏွင့္ပတ္သက္၍ အာမိုရင္မ္က ယင္းကဲ့သို႔ ေဝဖန္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အာမိုရင္မ္က “စိတ္ပ်က္စရာ ရလဒ္ပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ အေကာင္းဆုံးမလုပ္ခဲ့တာေၾကာင့္ ပြဲမွာ အခုလိုရလဒ္ထြက္ေပၚခဲ့တာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ ဘာပဲျဖစ္ျဖစ္ ဒီလိုပြဲမ်ိဳးမွာေတာ့ အႏိုင္ရသင့္ပါတယ္။ ဒီလိုရာသီဥတုမွာ ကစားသမားေတြ ဒဏ္ရာမရတာကပဲ ကြၽန္ေတာ့္တို႔အတြက္ အေရးႀကီးပါတယ္။ ဒါက ဆင္ေျခေပးတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဒီထက္ပိုေကာင္းေအာင္ စြမ္းေဆာင္ခဲ့သင့္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ပရီးမီးယားလိဂ္တြင္ အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးရပ္တည္မႈႏွင့္ ရင္ဆိုင္ခဲ့ရသလို၊ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္လည္း စပါးအသင္းကို ရႈံးနိမ့္ခဲ့သည့္အတြက္ ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ထို႔သို႔ ၿပီးခဲ့သည့္ရာသီက ရလဒ္မ်ားဆိုး႐ြားခဲ့သည့္ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ အျခားပရီးမီးယားလိဂ္အသင္းမ်ား ရာသီကုန္တြင္ အနားယူေနၾကေသာ္လည္း အသင္းဘ႑ာေရးအတြက္ အာရွသို႔ ခ်က္ခ်င္းေျခစမ္းပြဲထြက္ခဲ့ျခင္းျဖစ္ၿပီး ပထမဆုံးပြဲစဥ္မွာပင္ ျမန္မာလက္ေ႐ြးစင္ ေမာင္ေမာင္လြင္၏ဂိုးျဖင့္ ASEAN All-Stars ကို ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။
————————-

ASEAN All-Stars အသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း၏စွမ်းဆောင်မှုကို အာမိုရင်မ် အပြစ်တင်
======================================
မန်ချက်စတာယူနိုက်တက် နည်းပြ အာမိုရင်မ်က ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ASEAN All-Stars အသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း၏စွမ်းဆောင်မှုကို အပြစ်တင်ပြောကြားခဲ့သည်။

မေ (၂၈) ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ခြေစမ်းပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းသည် ASEAN All-Stars အသင်းကို မြန်မာ့လက်ရွေးစင် မောင်မောင်လွင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယင်းပွဲစဉ်ခြေစွမ်းနှင့်ပတ်သက်၍ အာမိုရင်မ်က ယင်းကဲ့သို့ ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အာမိုရင်မ်က “စိတ်ပျက်စရာ ရလဒ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အကောင်းဆုံးမလုပ်ခဲ့တာကြောင့် ပွဲမှာ အခုလိုရလဒ်ထွက်ပေါ်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးမှာတော့ အနိုင်ရသင့်ပါတယ်။ ဒီလိုရာသီဥတုမှာ ကစားသမားတွေ ဒဏ်ရာမရတာကပဲ ကျွန်တော့်တို့အတွက် အရေးကြီးပါတယ်။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် စွမ်းဆောင်ခဲ့သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်တွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနှင့် ရင်ဆိုင်ခဲ့ရသလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်း စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့သို့ ပြီးခဲ့သည့်ရာသီက ရလဒ်များဆိုးရွားခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်းသည် အခြားပရီးမီးယားလိဂ်အသင်းများ ရာသီကုန်တွင် အနားယူနေကြသော်လည်း အသင်းဘဏ္ဍာရေးအတွက် အာရှသို့ ချက်ချင်းခြေစမ်းပွဲထွက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပွဲစဉ်မှာပင် မြန်မာလက်ရွေးစင် မောင်မောင်လွင်၏ဂိုးဖြင့် ASEAN All-Stars ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။