႐ုရွားႏွင့္အေမရိကတို႔ အက်ဥ္းသားလဲလွယ္ေရးထပ္မံလုပ္ေဆာင္ေန

ေမာ္စကို၊ေမ ၂၇

ေမာ္စကိုႏွင့္ဝါရွင္တန္တို႔သည္ ယခင္ကသေဘာတူညီထားသည့္ အက်ဥ္းသားလဲလွယ္ေရး ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ဆက္လက္ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလားေရာ့ဗ္ကေျပာၾကားခဲ့သည္။

ေမာ္စကို၌ တုကီေယးႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ေတြ႕ဆုံၿပီးေနာက္ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ မစၥတာလားေရာ့ဗ္က ႐ုရွားသမၼတႏွင့္ အေမရိကန္သမၼတတို႔၏ တယ္လီဖုန္းျဖင့္ေနာက္ဆုံးေျပာဆိုစဥ္ အက်ဥ္းသားလဲလွယ္ေရးအစီအစဥ္ကို သေဘာတူညီခဲ့ေၾကာင္းကိုလည္း သူက အတည္ျပဳေျပာၾကားခဲ့သည္။

“အေသးစိတ္အခ်က္အလက္ေတြကို သက္ဆိုင္ရာအာဏာပိုင္ေတြက ဆက္ၿပီးညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္ ဟုလည္း၎က ေျပာၾကားခဲ့သည္။

ေမလ ၁၉ ရက္ ေန႔က တယ္လီဖုန္းျဖင့္ေျပာဆိုရာ၌ ႐ုရွားသမၼတပူတင္ႏွင့္အေမရိကန္သမၼတတို႔သည္ ႏွစ္ဖက္လုံးမွလူကိုးဦးပါဝင္သည့္ အက်ဥ္းသားလဲလွယ္ေရးကိုပါ ေဆြးေႏြးခဲ့ၾကသည္ဟုသိရသည္။

႐ုရွားႏွင့္အေမရိကတို႔သည္ အဘူဒါဘီတြင္ ဧၿပီလ ၁၀ ရက္ေန႔က ၎တို႔၏ ေနာက္ဆုံးအက်ဥ္းသား လဲလွယ္မႈကို ျပဳလုပ္ခဲ့ၾကသည္။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုမွ ကူညီေဆာင္႐ြက္ေပးသည့္အဆိုပါလဲလွယ္မႈတြင္ အေမရိကန္-႐ုရွားႏွစ္ႏိုင္ငံသား Ksenia Karelina ႏွင့္ ဂ်ာမန္-႐ုရွားႏိုင္ငံသား Artur Peteov တို႔အား အသီးသီးျပန္လႊတ္ေပးခဲ့ၾကသည္။

Source : ရွင္းဟြာ
__________________________________________

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ
=============================
မော်စကို၊မေ ၂၇

မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်ကပြောကြားခဲ့သည်။

မော်စကို၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံးပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။

“အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ် ဟုလည်း၎င်းက ပြောကြားခဲ့သည်။

မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အမေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။

အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင် အမေရိကန်-ရုရှားနှစ်နိုင်ငံသား Ksenia Karelina နှင့် ဂျာမန်-ရုရှားနိုင်ငံသား Artur Peteov တို့အား အသီးသီးပြန်လွှတ်ပေးခဲ့ကြသည်။

Source : ရှင်းဟွာ