ျမန္မာ့ၾကက္ေတာင္မယ္ သက္ထားသူဇာ Fitness Competition ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္
================================
ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္သည့္ Hyro x Bangkok 2025 Fitness Competition ၿပိဳင္ပြဲတြင္ ျမန္မာ့ၾကက္ေတာင္မယ္ သက္ထားသူဇာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သူမ၏ Facebook လူမႈကြန္ရက္တြင္ ေရးသားမွ်ေဝထားသည္။
သူမအေနျဖင့္ ပထမဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့သည္ဟု ဆိုသည္။
“သက္ထားရဲ႕ပထမဆုံး Fitness Competition ရဲ႕ Experience ကေတာ့ အေကာင္းဆုံးႀကိဳးစားၿပီး ေၾကာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ သက္ထားနဲ႔အတူ Partner တြဲေဆာ့တဲ့ မ Yin Yin Myat နဲ႔ Python MMA က very supportive organization ရဲ႕ coaches နဲ႔ supporters ေတြအားလုံးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္”ဟု ဆိုသည္။
ၾကက္ေတာင္မယ္ သက္ထားသူဇာသည္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ (၇၆)တြင္ ရပ္တည္ေနသူ တစ္ဦးလည္းျဖစ္သည္။
——————————————–
မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ Fitness Competition ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်
================================
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် Hyro x Bangkok 2025 Fitness Competition ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သူမ၏ Facebook လူမှုကွန်ရက်တွင် ရေးသားမျှဝေထားသည်။
သူမအနေဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
“သက်ထားရဲ့ပထမဆုံး Fitness Competition ရဲ့ Experience ကတော့ အကောင်းဆုံးကြိုးစားပြီး ကြော်ဖြတ်နိုင်ခဲ့ပါတယ်။ သက်ထားနဲ့အတူ Partner တွဲဆော့တဲ့ မ Yin Yin Myat နဲ့ Python MMA က very supportive organization ရဲ့ coaches နဲ့ supporters တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်”ဟု ဆိုသည်။
ကြက်တောင်မယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၇၆)တွင် ရပ်တည်နေသူ တစ်ဦးလည်းဖြစ်သည်။