အေမရိကန္ႏိုင္ငံ၌ ပညာသင္ၾကားခြင့္ေလွ်ာက္ထားသူမ်ားကို ယာယီရပ္ဆိုင္းရန္ အမိန႔္ထုတ္ျပန္
======================
ဝါရွင္တန္ ေမ ၂၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အစိုးရ အဖြဲ႕က အေမရိကန္ႏိုင္ငံ၌ ပညာသင္ၾကားခြင့္ ေလွ်ာက္ထားသူမ်ားကို ယာယီရပ္ဆိုင္းထားရန္ အမိန႔္တစ္ရပ္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ေက်ာင္းသားဗီဇာ ေလွ်ာက္ထားသူမ်ားအတြက္ အင္တာဗ်ဴးအသစ္မ်ားက်င္းပရန္ ေဆာင္႐ြက္ျခင္း ကို ေခတၱရပ္ထားရန္ အစိုးရက အေမရိကန္သံ႐ုံးမ်ား ႏွင့္ ေကာင္စစ္ဝန္႐ုံးမ်ားသို႔ ၫႊန္ၾကားခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံေရးသတင္းဝက္ဘ္ဆိုက္တစ္ခုက ယမန္ေန႔တြင္ သတင္းေဖာ္ျပသည္။
စည္းမ်ဥ္းအသစ္တစ္ရပ္ ေၾကညာသည့္တိုင္ ဆက္လက္ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း အဆိုပါ ဝက္ဘ္ဆိုက္က ေျပာ ေျပာၾကားသည္။ အေမရိကန္ ျပည္ေထာင္စုတြင္ ပညာသင္ၾကားရန္ ေလွ်ာက္ထား ေသာ ႏိုင္ငံျခားေက်ာင္းသားမ်ားအားလုံးကို ၎တို႔ ၏လူမႈမီဒီယာလႈပ္ရွားမႈကို စစ္ေဆးရန္ စဥ္းစားေနသည္ဟုလည္း ၎ကေျပာၾကားသည္။
အေမရိကန္ျပည္ေထာင္စုသို႔ လာေရာက္သည့္ မည္သူကိုမဆို ၎တို႔၏ လူမႈမီဒီယာလႈပ္ရွားမႈမ်ားကို စစ္ေဆးအကဲျဖတ္ရန္လိုအပ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ တမ္မိဘရွစ္က သတင္းေထာက္မ်ားအား ေျပာၾကားသည္။
အစိုးရအဖြဲ႕၏ ယခုေဆာင္႐ြက္ခ်က္မ်ားသည္ ႏိုင္ငံအတြင္း ပညာသင္ၾကားရန္ ေမွ်ာ္လင့္ေနေသာ ႏိုင္ငံတကာေက်ာင္းသားမ်ားကို ထိခိုက္ေစႏိုင္ဖြယ္ရွိသည္။
အၾကမ္းဖက္မႈႏွင့္ ဘာသာေရးယုံၾကည္ခ်က္ ဆိုင္ရာ အဓိက႐ုဏ္းမ်ားျဖစ္ေပၚႏိုင္သည့္ အေၾကာင္း ျပခ်က္ျဖင့္ မၾကာေသးမီက ဟားဗတ္တကၠသိုလ္အား ႏိုင္ငံတကာေက်ာင္းသားမ်ားကို လက္ခံသင္ၾကား ျခင္းမျပဳရန္ တရားဝင္ေၾကညာခဲ့သည္။
_Ref: NHK
_____________________________
အမေရိကန်နိုင်ငံ၌ ပညာသင်ကြားခွင့်လျှောက်ထားသူများကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်
======================
ဝါရှင်တန် မေ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရ အဖွဲ့က အမေရိကန်နိုင်ငံ၌ ပညာသင်ကြားခွင့် လျှောက်ထားသူများကို ယာယီရပ်ဆိုင်းထားရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကျောင်းသားဗီဇာ လျှောက်ထားသူများအတွက် အင်တာဗျူးအသစ်များကျင်းပရန် ဆောင်ရွက်ခြင်း ကို ခေတ္တရပ်ထားရန် အစိုးရက အမေရိကန်သံရုံးများ နှင့် ကောင်စစ်ဝန်ရုံးများသို့ ညွှန်ကြားခဲ့ကြောင်း အမေရိကန်နိုင်ငံရေးသတင်းဝက်ဘ်ဆိုက်တစ်ခုက ယမန်နေ့တွင် သတင်းဖော်ပြသည်။
စည်းမျဉ်းအသစ်တစ်ရပ် ကြေညာသည့်တိုင် ဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က ပြော ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားရန် လျှောက်ထား သော နိုင်ငံခြားကျောင်းသားများအားလုံးကို ၎င်းတို့ ၏လူမှုမီဒီယာလှုပ်ရှားမှုကို စစ်ဆေးရန် စဉ်းစားနေသည်ဟုလည်း ၎င်းကပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသို့ လာရောက်သည့် မည်သူကိုမဆို ၎င်းတို့၏ လူမှုမီဒီယာလှုပ်ရှားမှုများကို စစ်ဆေးအကဲဖြတ်ရန်လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မိဘရှစ်က သတင်းထောက်များအား ပြောကြားသည်။
အစိုးရအဖွဲ့၏ ယခုဆောင်ရွက်ချက်များသည် နိုင်ငံအတွင်း ပညာသင်ကြားရန် မျှော်လင့်နေသော နိုင်ငံတကာကျောင်းသားများကို ထိခိုက်စေနိုင်ဖွယ်ရှိသည်။
အကြမ်းဖက်မှုနှင့် ဘာသာရေးယုံကြည်ချက် ဆိုင်ရာ အဓိကရုဏ်းများဖြစ်ပေါ်နိုင်သည့် အကြောင်း ပြချက်ဖြင့် မကြာသေးမီက ဟားဗတ်တက္ကသိုလ်အား နိုင်ငံတကာကျောင်းသားများကို လက်ခံသင်ကြား ခြင်းမပြုရန် တရားဝင်ကြေညာခဲ့သည်။
_Ref: NHK