ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ချွိုင်ဂျောင်ဝူး
ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဝါရင့်သရုပ်ဆောင်မင်းသားကြီး ချွိုင်ဂျောင်ဝူးဟာ မေလ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ ချွိုင်ဂျောင်ဝူး သေဆုံးသွားပြီဆိုတာကို သူ့ရဲ့အေဂျင်စီ Bless Ent က ကြေညာခဲ့တာပါ။ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ အတည်မပြုရသေးဘူးလို့ အေဂျင်စီက ဆိုပါတယ်။
နာရေးအခမ်းအနားကို Gimpo Woori Hospital Funeral Home မှာ ပြုလုပ်သွားမှာဖြစ်ပြီး မေလ ၂၉ ရက်နေ့ မနက် ၁၀နာရီ (ကိုရီးယားစံတော်ချိန်) မှာ စီတန်းလှည့်လည်မှုနဲ့အတူ နာရေးချမှာဖြစ်ပါတယ်။
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ချွိုင်ဂျောင်ဝူးဟာ ၁၉၇၅ ခုနှစ်မှာ The Life of an Actor ဆိုတဲ့ ပြဇာတ်နဲ့ အနုပညာလောကထဲစဝင်ရောက်ခဲ့တာပါ။ Shinsi လို ပြဇာတ်ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့တာပါ။ “Two Cops”, “Public Enemy 2”, “Sympathy for Lady Vengeance”, “The Chaser”, “Brilliant Legacy”, “Prosecutor Princess”, “Gumiho: Tale of the Fox’s Child”, “Midas”, “My Daughter Seo Young”, “Master’s Sun”, “Call It Love”, “Tyrant”, “Who Is She!”, The Tale of Lady Ok” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူနောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တာက မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ The Tale of Lady Ok ဆိုတဲ့ ဇာတ်လမ်းတွဲပါပဲ။
Ref: Actor Choi Jung Woo Passes Away