ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား (၂)ပတ္တစ္ႀကိမ္ပုံမွန္အစည္းအေဝးက်င္းပျပဳလုပ္



ေမ ၂၇၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၏ (၂)ပတ္တစ္ႀကိမ္ပုံမွန္ျပဳလုပ္ေသာ အစည္းအေဝးတစ္ရပ္ကို ၂၀၂၅ ခုႏွစ္၊ ေမလ (၂၇) ရက္ေန႔ နံနက္ ၁၀၀၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္အစည္းအေဝးခန္းမ(၁)၌ က်င္းပျပဳလုပ္ခဲ့ပါသည္။

အစည္းအေဝးတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားက သက္ဆိုင္ရာ ေရးရာ/ဌာနႀကီးမ်ားအလိုက္ ေဆာင္႐ြက္ေနမႈမ်ားအား ရွင္းလင္းတင္ျပၾကရာ ပါတီဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးမ်ိဳးေဇာ္သိမ္း၊ ဦးလွထြန္း၊ ဦးျမတ္ဟိန္းတို႔မွ ေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး လိုအပ္သည္မ်ားအား အႀကံျပဳျဖည့္စြက္ေဆြးေႏြးခဲ့ၾကပါသည္။ ၎ေနာက္ ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အမွာစကားေျပားၿပီး ၁၂၃၀ အခ်ိန္တြင္ အစည္းအေဝး ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားအစည္းအေဝးသို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
_________________________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ (၂)ပတ်တစ်ကြိမ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်
=====================
မေ ၂၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၏ (၂)ပတ်တစ်ကြိမ်ပုံမှန်ပြုလုပ်သော အစည်းအဝေးတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက် ၁၀၀၀ အချိန်တွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက သက်ဆိုင်ရာ ရေးရာ/ဌာနကြီးများအလိုက် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမျိုးဇော်သိမ်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်းတို့မှ ဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး လိုအပ်သည်များအား အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြေားပြီး ၁၂၃၀ အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။