ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္ႏွင့္ ဦးလွသိန္းသည္ Perm ၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ (ICAPP) ၄၃ႀကိမ္ေျမာက္ အၿမဲတမ္းေကာ္မတီအစည္းအေဝးသို႔တက္ေရာက္ရန္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ထြက္ခြာ
ရန္ကုန္ ေမ ၂၇
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္ႏွင့္ ဦးလွသိန္းတို႔သည္ အာရွႏိုင္ငံေရးပါတီမ်ားဆိုင္ရာ ႏိုင္ငံတကာညီလာခံ (ICAPP)မွ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Perm ၿမိဳ႕တြင္ ၂၀၂၅ခု ေမလ ၂၈ရက္ေန႔မွ ၃၀ရက္ေန႔ထိ က်င္းပျပဳလုပ္မည့္ ICAPP (၄၃)ႀကိမ္ေျမာက္ အၿမဲတမ္းေကာ္မတီအစည္းအေဝးတက္ေရာက္ရန္ ၂၀၂၅ခု ေမလ ၂၇ရက္ေန႔ နံနက္ ၁၁၃၀ နာရီအခ်ိန္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ထြက္ခြာခဲ့ပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္ႏွင့္ဦးလွသိန္းတို႔ ျပည္ပထြက္ခြာရာသို႔ ရန္ကုန္တိုင္းေဒသႀကီး ပါတီအတြင္းေရးမႉး ဦးေအာင္ေက်ာ္မင္းႏွင့္ တိုင္းေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ဦးေနဝင္း၊ ေဒၚေအးေအးျမင့္၊ ေဒါက္တာထြန္းထြန္းဝင္း၊ ေဒၚအိအိလႈိင္တို႔မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ပို႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကပါသည္။
________________________________________
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးလှသိန်းသည် Perm မြို့၌ ကျင်းပပြုလုပ်မည့် (ICAPP) ၄၃ကြိမ်မြောက် အမြဲတမ်းကော်မတီအစည်းအဝေးသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
===============================
ရန်ကုန် မေ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးလှသိန်းတို့သည် အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ (ICAPP)မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Perm မြို့တွင် ၂၀၂၅ခု မေလ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ICAPP (၄၃)ကြိမ်မြောက် အမြဲတမ်းကော်မတီအစည်းအဝေးတက်ရောက်ရန် ၂၀၂၅ခု မေလ ၂၇ရက်နေ့ နံနက် ၁၁၃၀ နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်နှင့်ဦးလှသိန်းတို့ ပြည်ပထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးနေဝင်း၊ ဒေါ်အေးအေးမြင့်၊ ဒေါက်တာထွန်းထွန်းဝင်း၊ ဒေါ်အိအိလှိုင်တို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။