အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ ဆက္စပ္ပါဝင္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသား(၆၇)ဦး ထပ္မံလႊဲေျပာင္းေပးအပ္

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ နယ္စပ္ေဒသမ်ား၌ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး အြန္လိုင္းေလာင္းကစားမႈ၊ အြန္လိုင္းလိမ္လည္မႈအပါအဝင္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို စုံစမ္းစစ္ေဆးေဖာ္ထုတ္၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒ၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ စနစ္တက်ျပည္ႏွင္လႊဲေျပာင္းေပးအပ္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔လႊဲေျပာင္းေပးအပ္ရာတြင္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္၊ မဲ့ေထာ္သေလး(KK Park)ႏွင့္ေက်ာက္ခတ္နယ္ေျမမ်ားတြင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္ မႈမ်ား၊ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ဗီယက္နမ္ႏိုင္ငံသား ၆၆ ဦး၊ ခ်ဒ္ႏိုင္ငံသားတစ္ဦး စုစုေပါင္း ၆၇ ဦး တို႔အား ျမန္မာ-ထိုင္းအမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈ၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထပ္မံလႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

ျပည္ႏွင္လႊဲေျပာင္းေပးမႈလုပ္ငန္းမ်ား စနစ္တက်ရွိေစေရးႏွင့္ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ကရင္ျပည္နယ္၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးျမင့္ဘုန္းႏွင့္ တာဝန္ရွိသူမ်ားက ယမန္ေန႔နံနက္ပိုင္းတြင္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ၍ ျပည္ပႏိုင္ငံသားမ်ားအား ျပည္ႏွင္လႊဲေျပာင္းေပးေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ေနမႈ၊ စာရင္းဇယား၊ အခ်က္အလက္မ်ားျပည့္စုံမွန္ကန္မႈရွိေရး ေဆာင္႐ြက္ေနမႈတို႔ကို ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ားျဖည့္စြက္မွာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပည္ႏွင္လႊဲေျပာင္းေပးအပ္ပြဲကို ဆက္လက္က်င္းပခဲ့ရာ ကရင္ျပည္နယ္ ဒုတိယၫႊန္ၾကားေရးမႉး ဦးျမင့္ဘုန္းႏွင့္ တာဝန္ရွိသူမ်ား၊ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံဆိုင္ရာ ခ်ဒ္သမၼတႏိုင္ငံ သံ႐ုံးမွ Coun- sellor Mr. Saad Ahmat Moussa ႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းႏိုင္ငံဆိုင္ရာဗီယက္နမ္ႏိုင္ငံသံ႐ုံးမွ First Secretary Ms. Nguyen Thi Kim Chung ႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းႏိုင္ငံ၊ တာ့ခ္ခ႐ိုင္လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ျမန္မာႏိုင္ငံမွတာဝန္ရွိသူတို႔က သက္ဆိုင္ရာႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားထံသို႔ ျပည္ႏွင္လႊဲေျပာင္းလက္ခံေရးဆိုင္ရာ အေထာက္အထားစာ႐ြက္စာတမ္းမ်ားကို စနစ္တက်လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္မွ ေမလ ၂၇ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း ၉၁၀၂ ဦး စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ကာ ၎တို႔အနက္မွ ၈၆၉၂ ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား ၄၁၀ ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎တို႔ကို ေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ထားရွိေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ျပည္သူမ်ားအား ၿခိမ္းေျခာက္ထိခိုက္မႈမ်ားရွိလာသည့္ အြန္လိုင္းလိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစားမႈ အပါအဝင္အြန္လိုင္းဒုစ႐ိုက္မႈမ်ိဳးစုံကို အမ်ိဳးသားေရးအသြင္ျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္သူမ်ားႏွင့္ပူးေပါင္းလက္တြဲကာ ထိထိေရာက္ေရာက္ ျပတ္ျပတ္သားသားတိုက္ဖ်က္ႏွိမ္နင္းၿပီး ထိန္းသိမ္းစစ္ေဆးလႊဲေျပာင္း ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
_____________________________________

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၆၇)ဦး ထပ်မံလွှဲပြောင်းပေးအပ်
==================================
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့်ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၆၆ ဦး၊ ချဒ်နိုင်ငံသားတစ်ဦး စုစုပေါင်း ၆၇ ဦး တို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ ချဒ်သမ္မတနိုင်ငံ သံရုံးမှ Coun- sellor Mr. Saad Ahmat Moussa နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Ms. Nguyen Thi Kim Chung နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၉၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၁၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အပါအဝင်အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသားတိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းစစ်ဆေးလွှဲပြောင်း ပေးလျက်ရှိကြောင်း သတင်းရရှိသည်။