ငလ်င္ေဘးဒဏ္သင့္သူမ်ားအတြက္ သံလ်င္သဘာဝတရားရိပ္သာဆရာေတာ္မွ ျခင္ေထာင္ႏွင့္ ေခါက္ဆြဲေျခာက္မ်ား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္သို႔ ႂကြေရာက္လႉဒါန္း




ေမ ၂၇၊ ေနျပည္ေတာ္

ရန္ကုန္တိုင္းေဒသႀကီး၊ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္ ေဒါက္တာဥတၱမသာရႏွင့္ တပည့္ ဒါယကာ၊ ဒါယိကာမမ်ားမွ အလႉပစၥည္းတန္ဖိုး (၁၄,၄၅၅,၀၀၀)က်ပ္ရွိ မိသားစုအိပ္ျခင္ေထာင္ (၄၅၆)ထည္၊ ေခါက္ဆြဲေျခာက္ (၃၁)ဖာတို႔အား မတ္လ ၂၈ ရက္ေန႔တြင္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီး၏ ေဘးဒဏ္ကို ခံစားခဲ့ရသူမ်ားအတြက္ ေထာက္ပံ့လႉဒါန္းပြဲအခမ္းအနားကို ေနျပည္ေတာ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ရွိ အစည္းအေဝးခန္းမ(၁)တြင္ ျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားတြင္ သံလ်င္သဘာဝတရားရိပ္သာဆရာေတာ္ ေဒါက္တာဥတၱမသာရမွ အလႉပစၥည္းမ်ားအား ေပးအပ္လႉဒါန္းရာ ပါတီဥကၠ႒ ဦးခင္ရီမွ လက္ခံယူခဲ့ၿပီး ေက်းဇူးတင္ဂုဏ္ျပဳလႊာအား ျပန္လည္ဆပ္ကပ္ခဲ့ပါသည္။ ထို႔ေနာက္ သဘာဝတရားရိပ္သာဆရာေတာ္မွ လႉဒါန္းရျခင္းအေၾကာင္းႏွင့္ ဩဝါဒစကားႁမြက္ၾကားခဲ့ၿပီး ပါတီဥကၠ႒က ေက်းဇူးတင္စကားျပန္လည္ေလွ်ာက္ထားကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့ပါသည္။

အလႉပစၥည္းမ်ား ေထာက္ပံ့ေပးအပ္ပြဲ အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး၊ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္ ေဒါက္တာဥတၱမသာရႏွင့္ ရဟန္းသံဃာေတာ္မ်ား၊ တပည့္ ဒါယကာ၊ ဒါယိကာမမ်ား၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားတက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
________________________________

ငလျင်ဘေးဒဏ်သင့်သူများအတွက် သံလျင်သဘာဝတရားရိပ်သာဆရာတော်မှ ခြင်ထောင်နှင့် ခေါက်ဆွဲခြောက်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ ကြွရောက်လှူဒါန်း
================================
မေ ၂၇၊ နေပြည်တော်

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်သဘာဝတရားရိပ်သာ ဆရာတော် ဒေါက်တာဥတ္တမသာရနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ အလှူပစ္စည်းတန်ဖိုး (၁၄,၄၅၅,၀၀၀)ကျပ်ရှိ မိသားစုအိပ်ခြင်ထောင် (၄၅၆)ထည်၊ ခေါက်ဆွဲခြောက် (၃၁)ဖာတို့အား မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ကို ခံစားခဲ့ရသူများအတွက် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သံလျင်သဘာဝတရားရိပ်သာဆရာတော် ဒေါက်တာဥတ္တမသာရမှ အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လက်ခံယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာအား ပြန်လည်ဆပ်ကပ်ခဲ့ပါသည်။ ထို့နောက် သဘာဝတရားရိပ်သာဆရာတော်မှ လှူဒါန်းရခြင်းအကြောင်းနှင့် ဩဝါဒစကားမြွက်ကြားခဲ့ပြီး ပါတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်လျှောက်ထားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အလှူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်သဘာဝတရားရိပ်သာ ဆရာတော် ဒေါက်တာဥတ္တမသာရနှင့် ရဟန်းသံဃာတော်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။