၂၀၂၇ ခုနှစ်မှာ အာကာသ ဟိုတယ် ဖွင့်မည်

အခုခေတ်မှာ အာကာသကို အလည်သွားနိုင်တဲ့ခရီးစဉ်တွေ ပေါ်ပေါက်လာကြပါပြီ။ ဒါပေမယ့် အာကာသမှာ အချိန်ခဏကြာ လည်ပတ်ပြီး ကမ္ဘာကို ပြန်လည် ဆင်းသက်ကြရတာ ဖြစ်ပါတယ်။ အာကာသမှာ အချိန်ကြာမြင့်စွာ တည်းခိုနိုင်တဲ့ ဟိုတယ် မရှိသေးပါဘူး။

အခုတော့ ၂၀၂၇ ခုနှစ်မှာ အာကာသမှာ ဟိုတယ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Voyager Station လို့ နာမည်ပေးထားပြီး Above : Space Development က တည်ဆောက်မှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ စတင် တည်ဆောက်မှာ ဖြစ်ပါတယ်။

ဟိုတယ်မှာ ဧည့်သည် ၄၀၀ နဲ့ ဝန်ထမ်း ၁၁၂ ယောက်ကို လက်ခံနိုင်မှာဖြစ်ပါတယ်။ စက်ဝိုင်း ပုံသဏ္ဍာန် ဒီဇိုင်းနဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး ဧည့်သည်တွေဟာ လကမ္ဘာနဲ့ တူညီတဲ့ ဆွဲအားကို ခံစားရမှာ ဖြစ်ပါတယ်။ ဟိုတယ်မှာ အဆင့်မြင့် စားသောက်ဆိုင်တွေ၊ အိမ်ယာတွေ၊ ရုပ်ရှင်ရုံ၊ Gym နဲ့ Spa တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ဟိုတယ်ဟာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ လှည့်ပတ်နေမှာ ဖြစ်ပြီး Resort မှာ နေထိုင်သလို အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။

Ref : Tech Explorers