ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ားပါဝင္ေသာ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးျပဳလုပ္
ေမ ၂၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၅ ခုႏွစ္၊ ေမလ ၂၆ ရက္ေန႔ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ Zoom Meeting ျဖင့္ျပဳလုပ္ေသာ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ားပါဝင္သည့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီဥကၠ႒မွ ႏိုင္ငံတကာဆက္ဆံေရး အခန္းက႑အပါအဝင္ ပါတီဌာနခ်ဳပ္အေနျဖင့္ ေဆာင္႐ြက္ေနေသာ လုပ္ငန္းအေၾကာင္းအရာမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥရပ္မ်ား၊ Social Media အခန္းက႑ႏွင့္ ငလ်င္ေဘးသင့္ေဒသမ်ားတြင္ ကူညီေဆာင္႐ြက္ေနမႈမ်ားအား ရွင္းလင္းေျပာၾကားၿပီး ေရွ႕ဆက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား မွာၾကားကာ အစည္းအေဝးကို ေန႔လည္ ၁၁၄၅ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ အစည္းအေဝးသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား တက္ေရာက္ခဲ့ေၾကာင္းသတင္းရရွိပါသည္။
__________________________
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများပါဝင်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြုလုပ်
=========================
မေ ၂၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် Zoom Meeting ဖြင့်ပြုလုပ်သော တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌမှ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍအပါအဝင် ပါတီဌာနချုပ်အနေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအကြောင်းအရာများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ Social Media အခန်းကဏ္ဍနှင့် ငလျင်ဘေးသင့်ဒေသများတွင် ကူညီဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြားကာ အစည်းအဝေးကို နေ့လည် ၁၁၄၅ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။