အြန္နရီ၏ ေ႐ႊဖိနပ္ဆုစံခ်ိန္ကို ဆာလက္ရွ္ လိုက္မီ

လီဗာပူးအသင္းရဲ႕ အီဂ်စ္တိုက္စစ္မႉး ဆာလက္ရွ္ဟာ အခုရာသီ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ရယူႏိုင္ခဲ့ၿပီး ေနာက္ အာဆင္နယ္တိုက္စစ္မႉးေဟာင္း အြန္နရီရဲ႕ေ႐ႊဖိနပ္ဆု စံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ပါတယ္။ တနဂၤေႏြညက ပဲေလ့စ္အသင္းနဲ႔ ကစားခဲ့တဲ့ ရာသီပိတ္ပြဲမွာ လီဗာပူးအတြက္ ၁ ဂိုးသြင္းယူေပးခဲ့တဲ့ ဆာလက္ရွ္ဟာ အခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၂၉ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆာလက္ရွ္ဟာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉နဲ႔ ၂၀၂၁-၂၂ ေဘာလုံးရာသီေတြမွာ ရယူႏိုင္ခဲ့ ဖူးတာျဖစ္ ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ဆာလက္ရွ္ဟာ ေ႐ႊဖိနပ္ဆုအျပင္ ဂိုးဖန္တီးမႈ ၁၈ ႀကိမ္နဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံး ဆုကို ပါရယူႏိုင္ခဲ့ပါတယ္။ ဆာလက္ရွ္ဟာ ၂၀၂၁-၂၂ ေဘာလုံးရာသီတုန္းကလည္း ေ႐ႊဖိနပ္ဆုနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံးဆုတို႔ကို ပူးတြဲရယူႏိုင္ခဲ့တာေၾကာင့္ ဆု ၂ ခုစလုံးကို ဒုတိယအႀကိမ္ေျမာက္ပူးတြဲရယူႏိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

အခုရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္းအတြက္ ဆာလက္ရွ္ရဲ႕ ဂိုးပါဝင္ ပတ္သက္မႈက ၄၇ ဂိုးအထိရွိခဲ့ၿပီး ၃၈ ပြဲကစားရတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းမွာေတာ့ အမ်ားဆုံးဂိုးပါဝင္ ပတ္သက္မႈျဖစ္ခဲ့ပါတယ္။ ဆာလက္ရွ္အရင္ ပရီးမီးယားလိဂ္မွာ ဂိုးပါဝင္ပတ္သက္မႈ ၄၇ ဂိုးအထိ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ကစားသမားေတြအျဖစ္ အလန္ရွီးယားနဲ႔ အင္ဒီကိုးလ္တို႔ရွိခဲ့ၾကေပမယ့္ သူတို႔ေတြဟာ ၄၂ ပြဲ ကစားရတဲ့ ပရီးမီးယားလိဂ္ရာသီေတြမွာ စြမ္းေဆာင္ႏိုင္ခဲ့ၾက တာျဖစ္ပါတယ္။
___________________________________

အွန်နရီ၏ ရွှေဖိနပ်ဆုစံချိန်ကို ဆာလက်ရှ် လိုက်မီ
————————
လီဗာပူးအသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး နောက် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ရွှေဖိနပ်ဆု စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ တနင်္ဂနွေညက ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီပိတ်ပွဲမှာ လီဗာပူးအတွက် ၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလက်ရှ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉နဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီတွေမှာ ရယူနိုင်ခဲ့ ဖူးတာဖြစ် ပါတယ်။ အသက် ၃၂ နှစ်အရွယ်ဆာလက်ရှ်ဟာ ရွှေဖိနပ်ဆုအပြင် ဂိုးဖန်တီးမှု ၁၈ ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံး ဆုကို ပါရယူနိုင်ခဲ့ပါတယ်။ ဆာလက်ရှ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီတုန်းကလည်း ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆုတို့ကို ပူးတွဲရယူနိုင်ခဲ့တာကြောင့် ဆု ၂ ခုစလုံးကို ဒုတိယအကြိမ်မြောက်ပူးတွဲရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

အခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းအတွက် ဆာလက်ရှ်ရဲ့ ဂိုးပါဝင် ပတ်သက်မှုက ၄၇ ဂိုးအထိရှိခဲ့ပြီး ၃၈ ပွဲကစားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာတော့ အများဆုံးဂိုးပါဝင် ပတ်သက်မှုဖြစ်ခဲ့ပါတယ်။ ဆာလက်ရှ်အရင် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၄၇ ဂိုးအထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေအဖြစ် အလန်ရှီးယားနဲ့ အင်ဒီကိုးလ်တို့ရှိခဲ့ကြပေမယ့် သူတို့တွေဟာ ၄၂ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ်ရာသီတွေမှာ စွမ်းဆောင်နိုင်ခဲ့ကြ တာဖြစ်ပါတယ်။