ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားႏွင့္ ထိုးသတ္ရမည့္ပြဲအတြက္ ခ်င္းတိုင္းရင္းသားဖိုက္တာ ဂ်ိဳရႉအာဗန္ ေအာင္လအန္ဆန္ႏွင့္ ေလ့က်င့္ေန
ခ်င္းတိုင္းရင္းသား MMA ဖိုက္တာ ဂ်ိဳရႉအာဗန္သည္ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည့္ပြဲအတြက္ ကခ်င္တိုင္းရင္းသား ဝါရင့် MMA ဖိုက္တာ ေအာင္လအန္ဆန္ႏွင့္ ေလ့က်င့္ေနလ်က္ရွိေၾကာင္း သိရသည္။
ခ်င္းတိုင္းရင္းသား MMA ဖိုက္တာ ဂ်ိဳရႉအာဗန္သည္ အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ဟူစတန္ၿမိဳရွိ 4 oz Fight Club တြင္ အထိုင္ခ်၍ ေလ့က်င့္ေနျခင္းျဖစ္သည္။
ယခုအခါ ကခ်င္တိုင္းရင္းသား ဝါရင့် MMA ဖိုက္တာ ေအာင္လအန္ဆန္သည္ ၎ေနထိုင္ရာ အေမရိကန္ႏိုင္ငံ၊ ေမရီလန္းျပည္နယ္မွေန၍ ဂ်ိဳရႉအာဗန္၏ ေလ့က်င့္ေရးကလပ္ရွိရာ တကၠဆက္ျပည္နယ္၊ ဟူစတန္ၿမိဳရွိ 4 oz Fight Club သို လာေရာက္ေလ့က်င့္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို ေအာင္လအန္ဆန္ လာေရာက္ေလ့က်င့္ေပးေနမႈႏွင့္ပတ္သက္၍ ခ်င္းတိုင္းရင္းသား ဖိုက္တာ ဂ်ိဳရႉအာဗန္က ”အေတြ႕အႀကဳံ အမ်ားႀကီးရွိတဲ့ ကြၽန္ေတာ့္ရဲ႕ အစ္ကိုျဖစ္သူ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္ေဆာင္ ေအာင္လအန္ဆန္ဆီက သင္ယူခြင့္ရတဲ့အတြက္ သူ႔ကို အမ်ားႀကီး ေက်းဇူးတင္ပါတယ္”ဟု သူ၏ Facebook လူမႈကြန္ရက္မွေန၍ ေရးသားခဲ့သည္။
ခ်င္းတိုင္းရင္းသား ဖိုက္တာ ဂ်ိဳရႉအာဗန္သည္ လာမည့္ ဇြန္ ၇ ရက္တြင္ က်င္းပမည့္ UFC 316 ၿပိဳင္ပြဲ၌ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ ျဖစ္သည္။
UFC ပ႐ိုမိုးရွင္းသည္ UFC 316 ၿပိဳင္ပြဲကို လာမည့္ ဇြန္ ၇ ရက္တြင္ အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာဆီျပည္နယ္ရွိ နီဝက္ၿမိဳတြင္ က်င္းပမည္ျဖစ္သည္။
UFC ပ႐ိုမိုးရွင္းသည္ ဂ်ိဳရႉအာဗန္ႏွင့္ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားတို၏ တြဲဆိုင္းကို ယခင္က စီစဥ္ခဲ့ဖူးေသာ္လည္း ဘ႐ူႏိုဒါေဆးလ္ဗား ႏုတ္ထြက္သြားေသာေၾကာင့္ ပ်က္ျပယ္ခဲ့ရျခင္းျဖစ္သည္။
ထိုေၾကာင့္ ယခုအခါ UFC ပ႐ိုမိုးရွင္းက ယင္းတြဲဆိုင္းကို ျပန္လည္စီစဥ္လိုက္ျခင္းျဖစ္သည္။
လက္ရွိတြင္ UFC ဖလိုင္းဝိတ္တန္း၌ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားမွာ အဆင့္(၁၂)၊ ဂ်ိဳရႉအာဗန္မွာ အဆင့္(၁၄) ေနရာတြင္ သတ္မွတ္ခံထားရေၾကာင္း သိရသည္။
ခ်င္းတိုင္းရင္းသားဖိုက္တာ ဂ်ိဳရႉအာဗန္သည္ ပေရာ္ဖက္ရွင္နယ္ MMA ကစားသမားဘဝ ၁၅ ပြဲထိုးသတ္ထားရာ ၁၃ ပြဲႏိုင္၊ ႏွစ္ပြဲရႈးနိမ့္ထားသည္။
ဂ်ိဳရႉအာဗန္သည္ UFC ႏွင့္ လက္တြဲၿပီးေနာက္ (၇)ပြဲထိုးသတ္ထားရာ (၆) ပြဲအႏိုင္ရရွိထားၿပီး တစ္ပြဲသာရႈးပြဲႀကဳံေတြ႕ထားသည္။
ဂ်ိဳရႉအာဗန္ႏွင့္ထိုးသတ္မည့္ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားသည္ ပေရာ္ဖက္ရွင္နယ္ MMA ကစားသမားဘဝ ၂၃ ပြဲထိုးသတ္ထားရာ ၁၄ ပြဲႏိုင္၊ ၆ ပြဲရႈး၊ ႏွစ္ပြဲသေရက်ၿပီး တစ္ပြဲမွာမူ ရလဒ္ပယ္ဖ်က္ခံထားရေၾကာင္း သိရသည္။
ဘ႐ူႏိုဒါေဆးလ္ဗားသည္ UFC ႏွင့္ လက္တြဲၿပီးေနာက္ (၈)ပြဲထိုးသတ္ထားရာ (၄) ပြဲႏိုင္၊ (၃) ပြဲရႈး၊ တစ္ပြဲမွာမူ ရလဒ္ပယ္ဖ်က္ခံထားရသည္။
#Eleven
Photos: Joshua Van Facebook
________________________________
ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ထိုးသတ်ရမည့်ပွဲအတွက် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန် အောင်လအန်ဆန်နှင့် လေ့ကျင့်နေ
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲအတွက် ကချင်တိုင်းရင်းသား ဝါရင့ျ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် လေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြိုရှိ 4 oz Fight Club တွင် အထိုင်ချ၍ လေ့ကျင့်နေခြင်းဖြစ်သည်။
ယခုအခါ ကချင်တိုင်းရင်းသား ဝါရင့ျ MMA ဖိုက်တာ အောင်လအန်ဆန်သည် ၎င်းနေထိုင်ရာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှနေ၍ ဂျိုရှူအာဗန်၏ လေ့ကျင့်ရေးကလပ်ရှိရာ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြိုရှိ 4 oz Fight Club သို လာရောက်လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို အောင်လအန်ဆန် လာရောက်လေ့ကျင့်ပေးနေမှုနှင့်ပတ်သက်၍ ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်က ”အတွေ့အကြုံ အများကြီးရှိတဲ့ ကျွန်တော့်ရဲ့ အစ်ကိုဖြစ်သူ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် အောင်လအန်ဆန်ဆီက သင်ယူခွင့်ရတဲ့အတွက် သူ့ကို အများကြီး ကျေးဇူးတင်ပါတယ်”ဟု သူ၏ Facebook လူမှုကွန်ရက်မှနေ၍ ရေးသားခဲ့သည်။
ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်သည် လာမည့် ဇွန် ၇ ရက်တွင် ကျင်းပမည့် UFC 316 ပြိုင်ပွဲ၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် UFC 316 ပြိုင်ပွဲကို လာမည့် ဇွန် ၇ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ရှိ နီဝက်မြိုတွင် ကျင်းပမည်ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားတို၏ တွဲဆိုင်းကို ယခင်က စီစဉ်ခဲ့ဖူးသော်လည်း ဘရူနိုဒါဆေးလ်ဗား နုတ်ထွက်သွားသောကြောင့် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
ထိုကြောင့် ယခုအခါ UFC ပရိုမိုးရှင်းက ယင်းတွဲဆိုင်းကို ပြန်လည်စီစဉ်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် UFC ဖလိုင်းဝိတ်တန်း၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားမှာ အဆင့်(၁၂)၊ ဂျိုရှူအာဗန်မှာ အဆင့်(၁၄) နေရာတွင် သတ်မှတ်ခံထားရကြောင်း သိရသည်။
ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၁၅ ပွဲထိုးသတ်ထားရာ ၁၃ ပွဲနိုင်၊ နှစ်ပွဲရှုးနိမ့်ထားသည်။
ဂျိုရှူအာဗန်သည် UFC နှင့် လက်တွဲပြီးနောက် (၇)ပွဲထိုးသတ်ထားရာ (၆) ပွဲအနိုင်ရရှိထားပြီး တစ်ပွဲသာရှုးပွဲကြုံတွေ့ထားသည်။
ဂျိုရှူအာဗန်နှင့်ထိုးသတ်မည့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၂၃ ပွဲထိုးသတ်ထားရာ ၁၄ ပွဲနိုင်၊ ၆ ပွဲရှုး၊ နှစ်ပွဲသရေကျပြီး တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရကြောင်း သိရသည်။
ဘရူနိုဒါဆေးလ်ဗားသည် UFC နှင့် လက်တွဲပြီးနောက် (၈)ပွဲထိုးသတ်ထားရာ (၄) ပွဲနိုင်၊ (၃) ပွဲရှုး၊ တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရသည်။
#Eleven
Photos: Joshua Van Facebook