ဇနီးသည္က မ်က္ႏွာကို တြန္းပစ္လိုက္တာ ခံခဲ့ရတဲ့ ျပင္သစ္သမၼတမာခ႐ြန္

ဗီယက္နမ္ကို အလည္အပတ္ခရီးစဥ္အျဖစ္ ေရာက္လာခဲ့တဲ့ ျပင္သစ္သမၼတမာခ႐ြန္ဟာ ေလယာဥ္ေပၚက ဆင္းခါနီးမွာ ဇနီးသည္က သမၼတမာခ႐ြန္ရဲ႕မ်က္ႏွာကို တြန္းပစ္လိုက္တာ ခံခဲ့ရတဲ့ ဗြီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့တယ္။

ေလယာဥ္တံခါးဖြင့္ေနခ်ိန္မွာပဲ ဒီအျဖစ္အပ်က္ကို သတင္းေထာက္ေတြက ႐ိုက္ကူးမိသြားခဲ့တာပဲ ျဖစ္ပါတယ္။

ကင္မရာေတြနဲ႔ ႐ိုက္ေနတာကို ျမင္သြားၿပီးေနာက္ သမၼတမာခ႐ြန္ဟာ အနည္းငယ္အံ့အားသင့္သြားခဲ့ၿပီး ရွက္သြားသလိုျဖစ္ခဲ့ကာ ဟန္မပ်က္ၿပဳံးၿပီး လက္ျပႏႈတ္ဆက္ကာ ေလယာဥ္ေပၚကေန ဆင္းခဲ့တာပဲ ျဖစ္ပါတယ္။

သမၼတမာခ႐ြန္ရဲ႕ေနာက္ကေန ဇနီးျဖစ္သူက လိုက္ပါလာခဲ့ၿပီး မာခ႐ြန္က သူ႔လက္ကိုခ်ိတ္ဖို႔ ဟန္ျပခဲ့ေပမယ့္ မခ်ိတ္ခဲ့ပါဘူး။

အနည္းငယ္အခ်င္းမ်ားေနခဲ့ပုံရၿပီး ဆိုရွယ္မီဒီယာေပၚမွာ ဒီဗီဒီယိုဖိုင္က ပ်ံ႕ႏွံခဲ့ကာ သမၼတမာခ႐ြန္အတြက္ေတာ့ အရွက္ရစရာျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။
__________________________________

ဇနီးသည်က မျက်နှာကို တွန်းပစ်လိုက်တာ ခံခဲ့ရတဲ့ ပြင်သစ်သမ္မတမာခရွန်
========================

ဗီယက်နမ်ကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်လာခဲ့တဲ့ ပြင်သစ်သမ္မတမာခရွန်ဟာ လေယာဉ်ပေါ်က ဆင်းခါနီးမှာ ဇနီးသည်က သမ္မတမာခရွန်ရဲ့မျက်နှာကို တွန်းပစ်လိုက်တာ ခံခဲ့ရတဲ့ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

လေယာဉ်တံခါးဖွင့်နေချိန်မှာပဲ ဒီအဖြစ်အပျက်ကို သတင်းထောက်တွေက ရိုက်ကူးမိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကင်မရာတွေနဲ့ ရိုက်နေတာကို မြင်သွားပြီးနောက် သမ္မတမာခရွန်ဟာ အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး ရှက်သွားသလိုဖြစ်ခဲ့ကာ ဟန်မပျက်ပြုံးပြီး လက်ပြနှုတ်ဆက်ကာ လေယာဉ်ပေါ်ကနေ ဆင်းခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတမာခရွန်ရဲ့နောက်ကနေ ဇနီးဖြစ်သူက လိုက်ပါလာခဲ့ပြီး မာခရွန်က သူ့လက်ကိုချိတ်ဖို့ ဟန်ပြခဲ့ပေမယ့် မချိတ်ခဲ့ပါဘူး။

အနည်းငယ်အချင်းများနေခဲ့ပုံရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဒီဗီဒီယိုဖိုင်က ပျံ့နှံခဲ့ကာ သမ္မတမာခရွန်အတွက်တော့ အရှက်ရစရာဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။