ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးျပဳလုပ္
==========================
ေမ ၂၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးတစ္ခုကို ၂၂-၅-၂၀၂၅ ရက္ေန႔ ေန႔လည္ ၁၃၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္အစည္းအေဝးခန္းမ(၁)တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။
အစည္းအေဝးတြင္ ပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္းက ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ မြန္ျပည္နယ္ႏွင့္၊ ကရင္ျပည္နယ္တို႔သို႔ သြားေရာက္ခဲ့သည့္ ခရီးစဥ္မ်ားႏွင့္ ပတ္သက္ၿပီး သုံးသပ္ခ်က္အစီရင္ခံစာအား ရွင္းလင္းေဆြးေႏြးပါသည္။ ထို႔ေနာက္ စည္း႐ုံးေရးဌာနႀကီး တာဝန္ခံ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းမွ လာမည့္ေ႐ြးေကာက္ပြဲႏွင့္ သက္ဆိုင္သည့္ အခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီဒုတိယဥကၠ႒ ဦးလွထြန္းမွ မေကြးတိုင္းေဒသႀကီးသို႔ သြားေရာက္ခဲ့သည့္ ခရီးစဥ္တြင္ ေဒသခံပါတီအဆင့္ဆင့္တာဝန္ရွိသူမ်ား၏ တင္ျပေဆြးေႏြးခ်က္မ်ား၊ နယ္ေျမေဒသအေျခအေနမ်ား၊ လာမည့္ေ႐ြးေကာက္ပြဲတြင္ ေဆာင္႐ြက္ရန္အခ်က္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ညေန ၁၆၃၀ အခ်ိန္တြင္ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
_________________________________________
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြုလုပ်
==========================
မေ ၂၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ခုကို ၂၂-၅-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်တွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ မွန်ပြည်နယ်နှင့်၊ ကရင်ပြည်နယ်တို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး သုံးသပ်ချက်အစီရင်ခံစာအား ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် စည်းရုံးရေးဌာနကြီး တာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းမှ လာမည့်ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ မကွေးတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒေသခံပါတီအဆင့်ဆင့်တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များ၊ နယ်မြေဒေသအခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင် ဆောင်ရွက်ရန်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ညနေ ၁၆၃၀ အချိန်တွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။