ေရရွည္ၿငိမ္းခ်မ္းေရးအတြက္ အဆိုျပဳခ်က္မူၾကမ္းတစ္ရပ္ ယူကရိန္းသို႔ေပးပို႔မည္ဟု ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီး ေျပာၾကား

အက်ဥ္းသားခ်င္းအျပန္အလွန္ ဖလွယ္မႈအစီအစဥ္ ၿပီးဆုံးခ်ိန္တြင္ ေရရွည္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ တစ္ရပ္ ရယူေရးအတြက္ လိုအပ္သည့္အခ်က္မ်ားပါဝင္ေသာ အဆိုျပဳခ်က္မူၾကမ္းတစ္ရပ္ကို ယူကရိန္းအစိုးရထံ ေပးအပ္ရန္ အသင့္ရွိေၾကာင့္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလက္ဗ္ေရာ့ဗ္က ေမလ ၂၃ ရက္တြင္ ေျပာၾကား ထားသည္။

႐ုရွားႏိုင္ငံအေနျဖင့္ သုံးႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေသာ ယူကရိန္းစစ္ပြဲအတြက္ အေျဖရွာမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး၏ ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံတို႔သည္ အစၥတန္ဘူလ္ ေဆြးေႏြးပြဲ သေဘာတူညီခ်က္အရ ေမ ၂၃ ရက္တြင္ အက်ဥ္းသားဦးေရ ၃၉၀ စီကို စတင္လႊတ္ေပးခဲ့ၿပီး ေမ ၂၄ ရက္ႏွင့္ ၂၅ ရက္တို႔တြင္လည္း ဆက္လက္လႊတ္ေပးမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

အဆိုပါအက်ဥ္းသားခ်င္းအျပန္ အလွန္ဖလွယ္မႈအစီအစဥ္ၿပီးဆုံးခ်ိန္တြင္ ေရရွည္ၿငိမ္းခ်မ္းေရးအတြက္ ႐ုရွားႏိုင္ငံေရးဆြဲထားေသာ အဆိုျပဳခ်က္မူၾကမ္းတစ္ရပ္ကို ယူကရိန္းအစိုးရထံ ေပးပို႔မည္ျဖစ္ေၾကာင္း ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားထားသည္။

သို႔ရာတြင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ ယူကရိန္း၏ ေမာင္းသူမဲ့ေလယာဥ္တိုက္ခိုက္မႈမ်ားကို ေဝဖန္ ခဲ့ၿပီး ၎တိုက္ခိုက္မႈမ်ားအတြက္ တုံ႔ျပန္မည္ဟုသတိေပးထားေၾကာင္း သိရသည္။
________________________________________

ရေရှည်ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်မူကြမ်းတစ်ရပ် ယူကရိန်းသို့ပေးပို့မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ပြောကြား
=======================================================

အကျဉ်းသားချင်းအပြန်အလှန် ဖလှယ်မှုအစီအစဉ် ပြီးဆုံးချိန်တွင် ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ် ရယူရေးအတွက် လိုအပ်သည့်အချက်များပါဝင်သော အဆိုပြုချက်မူကြမ်းတစ်ရပ်ကို ယူကရိန်းအစိုးရထံ ပေးအပ်ရန် အသင့်ရှိကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က မေလ ၂၃ ရက်တွင် ပြောကြား ထားသည်။

ရုရှားနိုင်ငံအနေဖြင့် သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွက် အဖြေရှာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်၌ ဖော်ပြထားသည်။

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် အစ္စတန်ဘူလ် ဆွေးနွေးပွဲ သဘောတူညီချက်အရ မေ ၂၃ ရက်တွင် အကျဉ်းသားဦးရေ ၃၉၀ စီကို စတင်လွှတ်ပေးခဲ့ပြီး မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်လည်း ဆက်လက်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

အဆိုပါအကျဉ်းသားချင်းအပြန် အလှန်ဖလှယ်မှုအစီအစဉ်ပြီးဆုံးချိန်တွင် ရေရှည်ငြိမ်းချမ်းရေးအတွက် ရုရှားနိုင်ငံရေးဆွဲထားသော အဆိုပြုချက်မူကြမ်းတစ်ရပ်ကို ယူကရိန်းအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။

သို့ရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများကို ဝေဖန် ခဲ့ပြီး ၎င်းတိုက်ခိုက်မှုများအတွက် တုံ့ပြန်မည်ဟုသတိပေးထားကြောင်း သိရသည်။