အလြန္ဆိုကို နည္းျပသစ္ခန႔္အပ္ေၾကာင္း ရီးယဲလ္မက္ဒရစ္အသင္းအတည္ျပဳ
ရီးယဲလ္မက္ဒရစ္အသင္းသည္ စပိန္လူမ်ိဳးနည္းျပ ရွာဘီအလြန္ဆို(၄၃ ႏွစ္)ကို အသင္းနည္းျပအျဖစ္ ခန႔္အပ္ေၾကာင္း အတည္ျပဳေၾကညာခဲ့သည္။
အလြန္ဆိုသည္ ရီးယဲလ္အသင္းႏွင့္ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။
အေစာပိုင္းကတည္းက ရီးယဲလ္အသင္းႏွင့္ သတင္းထြက္ေနသည့္ အလြန္ဆိုသည္ ယခုလအေစာပိုင္းက ေလဗာကူဆင္အသင္းႏွင့္ လမ္းခြဲေတာ့ မည္ျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ရာသီကုန္တြင္ အသင္းမွ ထြက္ခြာလာခဲ့သည္။
အလြန္ဆိုသည္ ကစားသမားဘဝတြင္ ရီးယဲလ္အသင္းႏွင့္အတူ ၿပိဳင္ပြဲစုံ ၂၃၆ ပြဲအထိ ကစားခဲ့သည္။
အလြန္ဆိုအား ရီးယဲလ္နည္းျပအျဖစ္ တရားဝင္မိတ္ဆက္ပြဲ အခမ္းအနားကို ယေန႔တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
_________________________________
အလွန်ဆိုကို နည်းပြသစ်ခန့်အပ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းအတည်ပြု
=============================
ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်လူမျိုးနည်းပြ ရှာဘီအလွန်ဆို(၄၃ နှစ်)ကို အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အလွန်ဆိုသည် ရီးယဲလ်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကတည်းက ရီးယဲလ်အသင်းနှင့် သတင်းထွက်နေသည့် အလွန်ဆိုသည် ယခုလအစောပိုင်းက လေဗာကူဆင်အသင်းနှင့် လမ်းခွဲတော့ မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရာသီကုန်တွင် အသင်းမှ ထွက်ခွာလာခဲ့သည်။
အလွန်ဆိုသည် ကစားသမားဘဝတွင် ရီးယဲလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၃၆ ပွဲအထိ ကစားခဲ့သည်။
အလွန်ဆိုအား ရီးယဲလ်နည်းပြအဖြစ် တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။