ပရီးမီးယားလိဂ္ တစ္ေက်ာ့ျပန္ ဆန္းဒါးလန္းႏွင့္ ငါးႀကိမ္ေျမာက္ တန္းတက္ခြင့္

——————-
ပရီးမီးယားလိဂ္ အဆင့္ကို တန္းတက္ဖို႔ ယွဥ္ၿပိဳင္ရတဲ့ အဂၤလန္ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲ play-off ပြဲစဥ္ေတြရဲ႕ ဗိုလ္လုပြဲကို စေနေန႔က က်င္းပခဲ့ရာမွာ ဆန္းဒါးလန္း အသင္းက ရွက္ဖီးယူႏိုက္တက္ အသင္းကို နာက်င္အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းၿပီး ၂-၁ ဂိုး ရလဒ္နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒီပြဲရဲ႕ ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ရွက္ဖီးယူနိက္တက္အသင္းက ၁-၀ နဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဆန္းဒါးလန္းအသင္းက ေနာက္ကေန လိုက္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၇၆ မိနစ္မွာမွ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီး အႏိုင္ဂိုးကို နာက်င္အခ်ိန္ပိုမွာ ဆန္းဒါးလန္းရဲ႕ အသက္ ၁၉ ႏွစ္အ႐ြယ္ တြမ္ ဝပ္ဆန္ Tom Watson က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ဆန္းဒါးလန္းအသင္းဟာ ပရီးမီးယားလိဂ္တြင္ ငါးႀကိမ္ေျမာက္ ကစားခြင့္ရမည္ျဖစ္ၿပီး ပထမအႀကိမ္တြင္ ၁၉၉၆-၉၇ တစ္ရာသီ၊ ဒုတိယအႀကိမ္တြင္ ၁၉၉၉-၀၀ မွ ၂၀၀၂-၀၃ အထိ ေလးရာသီ၊ တတိယအႀကိမ္တြင္ ၂၀၀၅-၀၆ တစ္ရာသီ၊ စတုတၳအႀကိမ္တြင္ ၂၀၀၇-၀၈ မွ ၂၀၁၆-၁၇ အထိ ၁၀ ရာသီ ကစားခြင့္ရခဲ့ဖူးပါတယ္။

၂၀၁၇ ႏွစ္ ေနာက္ပိုင္းမွာ ဆန္းဒါးလန္းအသင္းဟာ ခ်န္ပီယံရွစ္ရဲ႕ ေအာက္တန္းျဖစ္တဲ့ League One အဆင့္မွာ ေဘာလုံးရာသီ ၄ ရာသီ ႐ုန္းကန္ေနခဲ့ရတာကေန ၂၀၂၂ ခုနစ္ေရာက္မွ ခ်န္ပီယံရွစ္အဆင့္ကို ျပန္တက္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုႏွစ္ရာသီမွာ ပရီးမီးယားလိဂ္အဆင့္ကို ျပန္တက္ေရာက္ႏိုင္ခဲ့ၿပီး လာမယ့္ ေဘာလုံးရာသီမွာ လိဒ္စ္၊ ဘန္ေလ တို႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာ ျဖစ္ပါတယ္။
_________________________________________

ပရီးမီးယားလိဂ် တစ်ကျော့ပြန် ဆန်းဒါးလန်းနှင့် ငါးကြိမ်မြောက် တန်းတက်ခွင့်
——————-
ပရီးမီးယားလိဂ် အဆင့်ကို တန်းတက်ဖို့ ယှဉ်ပြိုင်ရတဲ့ အင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲ play-off ပွဲစဉ်တွေရဲ့ ဗိုလ်လုပွဲကို စနေနေ့က ကျင်းပခဲ့ရာမှာ ဆန်းဒါးလန်း အသင်းက ရှက်ဖီးယူနိုက်တက် အသင်းကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ၂-၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲချိန်တော်တော်များများမှာ ရှက်ဖီးယူနိက်တက်အသင်းက ၁-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဆန်းဒါးလန်းအသင်းက နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာမှ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ ဆန်းဒါးလန်းရဲ့ အသက် ၁၉ နှစ်အရွယ် တွမ် ဝပ်ဆန် Tom Watson က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ်တွင် ငါးကြိမ်မြောက် ကစားခွင့်ရမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၉၉၆-၉၇ တစ်ရာသီ၊ ဒုတိယအကြိမ်တွင် ၁၉၉၉-၀၀ မှ ၂၀၀၂-၀၃ အထိ လေးရာသီ၊ တတိယအကြိမ်တွင် ၂၀၀၅-၀၆ တစ်ရာသီ၊ စတုတ္ထအကြိမ်တွင် ၂၀၀၇-၀၈ မှ ၂၀၁၆-၁၇ အထိ ၁၀ ရာသီ ကစားခွင့်ရခဲ့ဖူးပါတယ်။

၂၀၁၇ နှစ် နောက်ပိုင်းမှာ ဆန်းဒါးလန်းအသင်းဟာ ချန်ပီယံရှစ်ရဲ့ အောက်တန်းဖြစ်တဲ့ League One အဆင့်မှာ ဘောလုံးရာသီ ၄ ရာသီ ရုန်းကန်နေခဲ့ရတာကနေ ၂၀၂၂ ခုနစ်ရောက်မှ ချန်ပီယံရှစ်အဆင့်ကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်အဆင့်ကို ပြန်တက်ရောက်နိုင်ခဲ့ပြီး လာမယ့် ဘောလုံးရာသီမှာ လိဒ်စ်၊ ဘန်လေ တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။