ပန္းလႈိင္ျမစ္ေရေၾကာင့္ ေညာင္တုန္းက ေနအိမ္ အလုံး ၂၀ ေရထဲေမ်ာပါ

ပန္းလႈိင္ျမစ္ေရတိုက္စားမႈေၾကာင့္ ေညာင္တုန္းၿမိဳ႕နယ္က ေနအိမ္ အလုံး၂၀ ေရထဲေမ်ာပါခဲ့ရတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕နယ္၊ ရန္ကင္းစံရာ(အေနာက္ကြၽန္း)ေက်း႐ြာအနီးက ေနအိမ္(၁၃)လုံးနဲ႔ ယအမွတ္(၄)ရပ္ကြက္၊ တိုးခ်ဲ႕နယ္ေျမအနီးက လူေနအိမ္(၇)လုံး ေမ်ာပါခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံက သိရပါတယ္။

ေမလ ၂၅ ရက္ေန႔၊ မြန္းလြဲ ၁ နာရီအခ်ိန္ခန္႔ကျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရၿပီး ပန္းလႈိင္ျမစ္ေရတိုက္စားမႈေၾကာင့္ ျမစ္ကမ္းပါးအနီးက ၿပိဳက်ႏိုင္ေျခရွိတဲ့ ေနအိမ္မေတြကိုလည္း ေညာင္တုန္းၿမိဳ႕နယ္မီးသတ္စခန္းက သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြက သြားေရာက္ကူညီေ႐ႊ႕ေျပာင္းတာေတြလုပ္ေဆာင္ေပးေနတယ္လို႔လည္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက ေျပာပါတယ္။
____________________________________

ပန်းလှိုင်မြစ်ရေကြောင့် ညောင်တုန်းက နေအိမ် အလုံး ၂၀ ရေထဲမျောပါ
============================
ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်က နေအိမ် အလုံး၂၀ ရေထဲမျောပါခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း)ကျေးရွာအနီးက နေအိမ်(၁၃)လုံးနဲ့ ယအမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးက လူနေအိမ်(၇)လုံး မျောပါခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအနီးက ပြိုကျနိုင်ခြေရှိတဲ့ နေအိမ်မတွေကိုလည်း ညောင်တုန်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီရွှေ့ပြောင်းတာတွေလုပ်ဆောင်ပေးနေတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပြောပါတယ်။