တစ္ရာသီအတြင္း ဆုဖလားသုံးလုံးအထိ ရယူဆြတ္ခူးႏိုင္မယ့္အခြင့္အေရးနဲ႔ PSG အသင္းနီးစပ္လာ
PSG အသင္းသည္ ျပင္သစ္ဖလား (Coupe de France) ခ်န္ပီယံဆုကို ၁၆ ႀကိမ္ေျမာက္ ဆြတ္ခူးရရွိၿပီး ဖလားသုံးလုံးခ်န္ပီယံျဖစ္ရန္ နီးစပ္လာလာၿပီျဖစ္ေၾကာင္း သိရသည္။
၂၀၂၄-၂၅ ရာသီ ျပင္သစ္ဖလားဗိုလ္လုပြဲကို ေမ ၂၄ ရက္က Stade de France ကြင္း၌ က်င္းပရာ PSG အသင္းက Reims အသင္းကို (၃-၀) ဂိုးျဖင့္ ဂိုးျပတ္အႏိုင္ရခဲ့ သည္။
PSG အသင္းအတြက္ အႏိုင္ဂိုးမ်ားကို ေတာင္ပံကစားသမား ဘာကိုလာက ၁၆၊ ၁၉ မိနစ္ႏွင့္ ညာေနာက္ခံလူ ဟာကီမီက ၄၃ မိနစ္တြင္ သြင္းယူေပးခဲ့သည္။
PSG အသင္းသည္ ျပင္သစ္ဖလားၿပိဳင္ပြဲတြင္ အေအာင္ျမင္ဆုံးစံခ်ိန္တင္ထားၿပီး ေနာက္ဆုံးႏွစ္ႏွစ္ဆက္အပါအဝင္ စုစုေပါင္း ၁၆ ႀကိမ္ေျမာက္ ဗိုလ္စြဲျခင္းျဖစ္သည္။
ထို႔ျပင္ PSGအသင္းသည္ ၂၀၂၄-၂၀၂၅ ရာသီ လီဂူး-၁ ခ်န္ပီယံဆုရရွိထားသလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္လည္း ဗိုလ္လုပြဲတက္ေရာက္ထားသျဖင့္ သမိုင္းဝင္ ဖလားသုံးလုံး ခ်န္ပီယံျဖစ္ရန္ ေရာက္ရွိလာျခင္းျဖစ္သည္။
ဥေရာပတြင္ ျပည္တြင္းလိဂ္၊ ရႈံးထြက္ဖလားႏွင့္ ခ်န္ပီယံလိဂ္ (ယခင္ဥေရာပဖလား) သုံးခုစလုံး တစ္ၿပိဳင္တည္းရရွိဖူးသည့္ကလပ္ ရွစ္သင္းသာရွိၿပီး ၁၉၆၆-၆၇ ရာသီတြင္ ဆဲလ္တစ္၊ ၁၉၇၁-၇၂ ရာသီတြင္ ေအဂ်က္စ္၊ ၁၉၈၇-၈၈ ရာသီတြင္ PSV၊ ၁၉၉၈-၉၉ ရာသီတြင္ မန္ယူ၊ ၂၀၀၈-၀၉ ႏွင့္ ၂၀၁၄-၁၅ ရာသီတြင္ ဘာစီလိုနာ၊ ၂၀၀၉-၁၀ ရာသီတြင္ အင္တာမီလန္၊ ၂၀၁၂-၁၃ ႏွင့္ ၂၀၁၉-၂၀ ရာသီတြင္ ဘိုင္ယန္ျမဴးနစ္၊ ၂၀၂၂-၂၃ ရာသီတြင္ မန္စီးတီးအသင္းတို႔ ရရွိခဲ့ျခင္းျဖစ္သည္။
ယခုရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ေမ ၃၁ ရက္တြင္ ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕ရွိ Allianz Arena ကြင္း၌ PSG ႏွင့္ အင္တာမီလန္အသင္း ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။
_________________________________________
တစ်ရာသီအတွင်း ဆုဖလားသုံးလုံးအထိ ရယူဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ PSG အသင်းနီးစပ်လာ
=======================================
PSG အသင်းသည် ပြင်သစ်ဖလား (Coupe de France) ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး ဖလားသုံးလုံးချန်ပီယံဖြစ်ရန် နီးစပ်လာလာပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၅ ရာသီ ပြင်သစ်ဖလားဗိုလ်လုပွဲကို မေ ၂၄ ရက်က Stade de France ကွင်း၌ ကျင်းပရာ PSG အသင်းက Reims အသင်းကို (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။
PSG အသင်းအတွက် အနိုင်ဂိုးများကို တောင်ပံကစားသမား ဘာကိုလာက ၁၆၊ ၁၉ မိနစ်နှင့် ညာနောက်ခံလူ ဟာကီမီက ၄၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။
PSG အသင်းသည် ပြင်သစ်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးစံချိန်တင်ထားပြီး နောက်ဆုံးနှစ်နှစ်ဆက်အပါအဝင် စုစုပေါင်း ၁၆ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။
ထို့ပြင် PSGအသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ လီဂူး-၁ ချန်ပီယံဆုရရှိထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ရောက်ထားသဖြင့် သမိုင်းဝင် ဖလားသုံးလုံး ချန်ပီယံဖြစ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ဥရောပတွင် ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) သုံးခုစလုံး တစ်ပြိုင်တည်းရရှိဖူးသည့်ကလပ် ရှစ်သင်းသာရှိပြီး ၁၉၆၆-၆၇ ရာသီတွင် ဆဲလ်တစ်၊ ၁၉၇၁-၇၂ ရာသီတွင် အေဂျက်စ်၊ ၁၉၈၇-၈၈ ရာသီတွင် PSV၊ ၁၉၉၈-၉၉ ရာသီတွင် မန်ယူ၊ ၂၀၀၈-၀၉ နှင့် ၂၀၁၄-၁၅ ရာသီတွင် ဘာစီလိုနာ၊ ၂၀၀၉-၁၀ ရာသီတွင် အင်တာမီလန်၊ ၂၀၁၂-၁၃ နှင့် ၂၀၁၉-၂၀ ရာသီတွင် ဘိုင်ယန်မြူးနစ်၊ ၂၀၂၂-၂၃ ရာသီတွင် မန်စီးတီးအသင်းတို့ ရရှိခဲ့ခြင်းဖြစ်သည်။
ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မေ ၃၁ ရက်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Allianz Arena ကွင်း၌ PSG နှင့် အင်တာမီလန်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။