အသင္းမွအလိုမရွိပါက ထြက္ခြာသြားမယ္လို႔ အေမာ္ရင္ ေျပာၾကား
======================================
ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ စပါးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းဘုတ္အဖြဲ႕နဲ႔ ပရိသတ္ေတြက သူ႔ကို အလိုမရွိဘူးဆိုရင္ မနက္ျဖန္မွာ အသင္းကေန ထြက္ခြာသြားမယ္လို႔ မန္ယူနည္းျပအေမာ္ရင္က ဖြင့္ဟခဲ့ပါတယ္။ ဘီလ္ဘာအိုရဲ႕အိမ္ကြင္း ဆမ္မာမီးစ္မွာ ကစားခဲ့တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဂြၽန္ဆင္ရဲ႕တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ မန္ယူရႈံးနိမ့္ခဲ့ရပါတယ္။ ဒါေၾကာင့္ အခုရာသီပရီးမီးယားလိဂ္အဆင့္(၁၆)ေနရာမွာ ရပ္တည္ေနတဲ့ မန္ယူအေနနဲ႔ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ လြဲေခ်ာ္သြားၿပီျဖစ္ပါတယ္။ မန္ယူအသင္းကို နည္းျပအေမာ္ရင္ ႏိုဝင္ဘာလမွာ စတင္ကိုင္တြယ္ခ်ိန္က အသင္းဟာ အမွတ္ေပးဇယားအဆင့္(၁၃)ေနရာမွာ ရပ္တည္ေနၿပီး လက္ရွိမွာ အဆင့္(၃)ဆင့္က်ဆင္းကာ အဆင့္(၁၆)ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ ဖလားၿပိဳင္ပြဲ(၃)ခုမွာလည္း မန္ယူအသင္း ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒါေပမယ့္ ေပၚတူဂီလူမ်ိဳးနည္းျပအေမာ္ရင္က သူ႔အေနနဲ႔ မန္ယူအသင္းနည္းျပရာထူးအတြက္ သင့္ေတာ္သူျဖစ္ေနေသးတယ္လို႔ ယုံၾကည္ေနပါတယ္။ နည္းျပအေမာ္ရင္က “ဘုတ္အဖြဲ႕နဲ႔ ပရိသတ္ေတြက ကြၽန္ေတာ္ဟာသင့္ေတာ္သူမဟုတ္ဘူးလို႔ ခံစားရရင္ မနက္ျဖန္မွာ ကြၽန္ေတာ္ ထြက္ခြာမွာပါ။ ဒါေပမယ့္ အသင္းကေန ႏုတ္ထြက္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕အလုပ္အေပၚ ယုံၾကည္မႈရွိပါတယ္။ ကြၽန္ေတာ္လုပ္ေနတဲ့ပုံစံကို ဘာမွေျပာင္းလဲမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
_______________________________________
အသင်းမှအလိုမရှိပါက ထွက်ခွာသွားမယ်လို့ အမော်ရင် ပြောကြား
======================================
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက သူ့ကို အလိုမရှိဘူးဆိုရင် မနက်ဖြန်မှာ အသင်းကနေ ထွက်ခွာသွားမယ်လို့ မန်ယူနည်းပြအမော်ရင်က ဖွင့်ဟခဲ့ပါတယ်။ ဘီလ်ဘာအိုရဲ့အိမ်ကွင်း ဆမ်မာမီးစ်မှာ ကစားခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဂျွန်ဆင်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ မန်ယူရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် အခုရာသီပရီးမီးယားလိဂ်အဆင့်(၁၆)နေရာမှာ ရပ်တည်နေတဲ့ မန်ယူအနေနဲ့ လာမယ့်ရာသီ ဥရောပဝင်ခွင့် လွဲချော်သွားပြီဖြစ်ပါတယ်။ မန်ယူအသင်းကို နည်းပြအမော်ရင် နိုဝင်ဘာလမှာ စတင်ကိုင်တွယ်ချိန်က အသင်းဟာ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေပြီး လက်ရှိမှာ အဆင့်(၃)ဆင့်ကျဆင်းကာ အဆင့်(၁၆)နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ဖလားပြိုင်ပွဲ(၃)ခုမှာလည်း မန်ယူအသင်း အောင်မြင်မှုမရခဲ့ပါဘူး။ ဒါပေမယ့် ပေါ်တူဂီလူမျိုးနည်းပြအမော်ရင်က သူ့အနေနဲ့ မန်ယူအသင်းနည်းပြရာထူးအတွက် သင့်တော်သူဖြစ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။ နည်းပြအမော်ရင်က “ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော်ဟာသင့်တော်သူမဟုတ်ဘူးလို့ ခံစားရရင် မနက်ဖြန်မှာ ကျွန်တော် ထွက်ခွာမှာပါ။ ဒါပေမယ့် အသင်းကနေ နုတ်ထွက်မှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်အပေါ် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်လုပ်နေတဲ့ပုံစံကို ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။