ဗိုက်ခေါက်ထူပြီး ပုံပျက်ပန်းပျက်ဖြစ်နေသူတွေအတွက် သတင်းကောင်းနော်…

ရှောက်ရွက်ဟာ ဗိုက်ခေါက်က အဆီတွေကို ချေဖျက်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ တို့စရာအဖြစ်သာ စားသုံးကြတဲ့ ရှောက်ရွက်ကို သဘာဝရဲ့ အစွမ်းနဲ့ အဆီကျတဲ့နေရာမှာပါ သုံးကြည့်ခြင်းဟာ ထူးခြားတဲ့ ရလာဒ်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ပုံကတော့ အလွန် လွယ်ကူလှပါတယ်။ ရှောက်ရွက်အကြမ်းနဲ့ သကြားပဲ လိုတာပါ။

လိုအပ်တဲ့ ပစ္စည်းများ

ရှောက်ရွက်အကြမ်း ၉ရွက်သကြား ၃ဇွန်း (စားပွဲတင်ဇွန်း)အဝကျယ် ပုလင်းလွတ်ပထမဦးစွာ ရှောက်ရွက်တွေကို ရေစင်အောင်ဆေးပါ။ ပုလင်းအလွတ်ထဲကို သကြား ၃ဇွန်းထည့်ပါ။ ပြီးရင် ရှောက်ရွက် ၉ရွက်ကို စီထည့်ပါ။ ရေကျတ်အေး အပြည့်လောင်းထည့်ပါ။ နေပူမှာ ၉ရက်လှန်းထားပါ။

သောက်ရမယ့် ရက်က ၉ရက်ဖြစ်တဲ့အတွက် ပုလင်းတစ်လုံးကို ၃ရက်လောက်ပဲ သောက်ရမယ်ထင်ရင် နောက်ထပ် ပုလင်းတွေနဲ့ ရှောက်ရွက်တွေကို ရှာထားပါ။ ပုလင်းတစ်လုံးစီတိုင်းမှာတော့ ရှောက်ရွက် ၉ရွက်နဲ့ သကြား ၃ဇွန်းထည့်ပါ။

နေလှန်းတာ ၉ရက်ပြည့်ရင်တော့ စစားလို့ ရပါပြီ။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ မသောက်ခင် ပုလင်းကို လှုပ်ပေးပါ။

လက်ဖက်ရည်ပန်းကန် တစ်ဝက်ခန့် မှန်မှန် သောက်ပေးပါ။ ၉ရက်သောက်ပါ။ တစ်ခါတည်း စွဲသောက်မယ်ဆိုရင်တော့ ထိုနည်းအတိုင်း ထပ်ထပ်ပြီး လုပ်ထားပါ။ မှန်မှန်သောက်ပေးခြင်းဟာ ခါးနဲ့ ဗိုက်အဆီတွေကို ချေပေးနိုင်ရုံမက အသည်းအဆီဖုံးခြင်းနဲ့ နှလုံးအဆီပိတ်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။