ဂါဇာကမ္းေျမာင္ေဒသသို႔ ပထမဆုံးအႀကိမ္ ကုလသမဂၢ ေထာက္ပံ့ေရးယာဥ္မ်ားဝင္ေရာက္

ႏွစ္လခြဲကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဂါဇာကမ္းေျမာင္ေဒသသို႔ ကုလသမဂၢလူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ ကူညီေထာက္ပံ့ေရးပစၥည္းမ်ား တင္ေဆာင္လာေသာ ကုန္တင္ကားမ်ား ဝင္ေရာက္လာခဲ့သည္။

သို႔ေသာ္လည္း ကူညီေထာက္ပံ့ေရးပစၥည္းမ်ား ေဒသခံမ်ားထံ မေရာက္ႏိုင္ေသးေၾကာင္း ကုလသမဂၢက ေျပာသည္။

အစၥေရးတပ္ဖြဲ႕က သယ္ယူပို႔ေဆာင္ေရးခြင့္ျပဳလိုက္ခ်ိန္မွစတင္ကာ ကုလသမဂၢကုန္တင္ယာဥ္ ၉၃ စင္း ဂါဇာကမ္းေျမာင္ေဒသသို႔ ေမလ ၂၀ ရက္က ဝင္ေရာက္လာခဲ့သည္။

ကုလသမဂၢေျပာေရးဆိုခြင့္ရွိသူက ဂါဇာ ကမ္းေျမာင္ေဒသအတြင္း ေထာက္ပံ့ေရးပစၥည္းမ်ား ပို႔ေဆာင္ရန္ အခ်ိန္ယူရသည့္အတြက္ ေဒသခံမ်ားထံ အကူ အညီမ်ား ေပးအပ္ႏိုင္ျခင္းမရွိ ေသးေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါေနရာတြင္ ဆိုး႐ြားျပင္းထန္သည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းမ်ား ဆက္လက္ျဖစ္ပြားလ်က္ ရွိသည္။ စားေရရိကၡာ ေထာက္ပံ့မႈျပတ္ေတာက္ခ်ိန္ မတ္လမွစကာ ၅၈ ဦး ေသဆုံးခဲ့ သည္။

ထို႔အတူ မရွိမျဖစ္လိုအပ္ေသာ အာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့မႈေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ား ကိုယ္ဝန္ ပ်က္က်မႈ ၃၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

ေဒသခံ ျပည္သူမ်ား၏ အသက္ေပါင္း ေျမာက္ျမားစြာ ကို ကယ္တင္ရန္ ေန႔စဥ္ကူညီ ေထာက္ပံ့ေရး ကုန္တင္ယာဥ္ ၅၀၀ ခန႔္လိုအပ္လ်က္ ရွိသည္ဟု NHK သတင္းဌာနေဖာ္ျပခ်က္အရ သိရ သည္။
____________________________________________________________

ဂါဇာကမ်းမြောင်ဒေသသို့ ပထမဆုံးအကြိမ် ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်များဝင်ရောက်
========================================
နှစ်လခွဲကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာကမ်းမြောင်ဒေသသို့ ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားများ ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ဒေသခံများထံ မရောက်နိုင်သေးကြောင်း ကုလသမဂ္ဂက ပြောသည်။

အစ္စရေးတပ်ဖွဲ့က သယ်ယူပို့ဆောင်ရေးခွင့်ပြုလိုက်ချိန်မှစတင်ကာ ကုလသမဂ္ဂကုန်တင်ယာဉ် ၉၃ စင်း ဂါဇာကမ်းမြောင်ဒေသသို့ မေလ ၂၀ ရက်က ဝင်ရောက်လာခဲ့သည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဂါဇာ ကမ်းမြောင်ဒေသအတွင်း ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် အချိန်ယူရသည့်အတွက် ဒေသခံများထံ အကူ အညီများ ပေးအပ်နိုင်ခြင်းမရှိ သေးကြောင်း ပြောကြားခဲ့သည်။

အဆိုပါနေရာတွင် ဆိုးရွားပြင်းထန်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ စားရေရိက္ခာ ထောက်ပံ့မှုပြတ်တောက်ချိန် မတ်လမှစကာ ၅၈ ဦး သေဆုံးခဲ့ သည်။

ထို့အတူ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန် ပျက်ကျမှု ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ဒေသခံ ပြည်သူများ၏ အသက်ပေါင်း မြောက်မြားစွာ ကို ကယ်တင်ရန် နေ့စဉ်ကူညီ ထောက်ပံ့ရေး ကုန်တင်ယာဉ် ၅၀၀ ခန့်လိုအပ်လျက် ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရ သည်။