ခ်န္ပီယံလိဂ္ဝင္ခြင့္မရ၍ Adidas ထံ မန္ယူအသင္း ေပါင္(၁၀)သန္း ျပန္ေပးရမည္

======================================
မန္ယူအသင္းသည္ လာမည့္ရာသီတြင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိသည့္အတြက္ ဝတ္စုံစပြန္ဆာ Adidas ထံ ေပါင္(၁၀)သန္း ျပန္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

မန္ယူအသင္းသည္ Adidas ႏွင့္ တစ္ႏွစ္ ေပါင္သန္း(၉၀)တန္ေၾကးရွိသည့္ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းျဖစ္ၿပီး စာခ်ဳပ္သက္တမ္းမွာ ၂၀၃၅ ခုႏွစ္အထိ ျဖစ္သည္။

အဆိုပါစာခ်ဳပ္၌ ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ခြင့္မရရွိပါက စာခ်ဳပ္တန္ဖိုး ေလ်ာ့က်မည္ဆိုသည့္ သေဘာတူညီခ်က္ပါရွိိခဲ့ရာ မန္ယူအသင္းသည္ ယခုအခါ ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ ႏွစ္ရာသီဆက္တိုက္ လြဲေခ်ာ္ခဲ့သည့္အတြက္ Adidas ထံ ေပါင္(၁၀) သန္း ျပန္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

မန္ယူအသင္းသည္ လာမည့္ရာသီ၌ ခ်န္ပီယံလိဂ္ဝင္ခြင့္သာမက အျခားဥေရာပၿပိဳင္ပြဲမ်ား၌လည္း ယွဥ္ၿပိဳင္ခြင့္မရရွိသည့္အတြက္ ၂၀၁၄-၁၅ ရာသီေနာက္ပိုင္း ပထမဆုံးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။

မန္ယူအသင္းအေနျဖင့္ ဥေရာပဝင္ခြင့္မရရွိသည့္အတြက္ ဆုံးရႈံးနစ္နာမႈမ်ားစြာ ရွိခဲ့သည့္အျပင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၌ အမွတ္ေပးဇယားေအာက္ေျခသို႔ ေရာက္ရွိေနသည့္အတြက္လည္း ဝင္ေငြမ်ားစြာ ေလ်ာ့က်မည္ျဖစ္သည္။

ပရီးမီးယားလိဂ္တြင္ ရပ္တည္မႈအဆင့္တစ္ခု၏ တန္ဖိုးမွာ ေပါင္(၃)သန္း ဝန္းက်င္ရွိသည့္အတြက္ မန္ယူအသင္းအေနျဖင့္ အဆင့္(၅)ေနရာမွအသင္းထက္ ေပါင္သန္း (၃၀)ေက်ာ္ ေလ်ာ့နည္းဖြယ္ရွိေနေၾကာင္းလည္း သိရသည္။
__________________________________________________________

ချန်ပီယံလိဂ်ဝင်ခွင့်မရ၍ Adidas ထံ မန်ယူအသင်း ပေါင်(၁၀)သန်း ပြန်ပေးရမည်
======================================
မန်ယူအသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိသည့်အတွက် ဝတ်စုံစပွန်ဆာ Adidas ထံ ပေါင်(၁၀)သန်း ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် Adidas နှင့် တစ်နှစ် ပေါင်သန်း(၉၀)တန်ကြေးရှိသည့် စပွန်ဆာစာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၅ ခုနှစ်အထိ ဖြစ်သည်။

အဆိုပါစာချုပ်၌ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်မရရှိပါက စာချုပ်တန်ဖိုး လျော့ကျမည်ဆိုသည့် သဘောတူညီချက်ပါရှိိခဲ့ရာ မန်ယူအသင်းသည် ယခုအခါ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် နှစ်ရာသီဆက်တိုက် လွဲချော်ခဲ့သည့်အတွက် Adidas ထံ ပေါင်(၁၀) သန်း ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်သာမက အခြားဥရောပပြိုင်ပွဲများ၌လည်း ယှဉ်ပြိုင်ခွင့်မရရှိသည့်အတွက် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ဥရောပဝင်ခွင့်မရရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ရှိခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားအောက်ခြေသို့ ရောက်ရှိနေသည့်အတွက်လည်း ဝင်ငွေများစွာ လျော့ကျမည်ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ရပ်တည်မှုအဆင့်တစ်ခု၏ တန်ဖိုးမှာ ပေါင်(၃)သန်း ဝန်းကျင်ရှိသည့်အတွက် မန်ယူအသင်းအနေဖြင့် အဆင့်(၅)နေရာမှအသင်းထက် ပေါင်သန်း (၃၀)ကျော် လျော့နည်းဖွယ်ရှိနေကြောင်းလည်း သိရသည်။