မန္ယူကိုအႏိုင္ယူၿပီး ယူ႐ိုပါလိဂ္ဖလားရရွိသြားတဲ့ စပါးအသင္း

Soccer Football – Europa League – Final – Tottenham Hotspur v Manchester United – San Mames, Bilbao, Spain – May 21, 2025
Tottenham Hotspur’s Son Heung-min lifts the trophy with teammates after winning the Europa League Final REUTERS/Andrew Couldridge

ယေန႔နံနက္အစာပိုင္း ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ေနာက္ဆုံးဗိုလ္လုပြဲမွာ စပါးအသင္းက မန္ယူအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရ ဆြတ္ခူးရရွိသြားပါတယ္။

စပါးအသင္းဟာ ၁၇ ႏွစ္ၾကာ ဆုဖလားေတြနဲ႔ ေဝးကြာေနရာကေန ယူ႐ိုပါလိဂ္ဆုဖလားကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ယူနဲ႔ စပါးအသင္းေတြဟာ ပရီးမီးယားလိဂ္ အဆင့္ ၁၆ နဲ႔ ၁၇ ေနရာေတြမွာ အေျခအေန ဆိုးဆိုး႐ြား႐ြား ရပ္တည္ေနၾကၿပီး ဒီပြဲမွာ ခ်န္ပီယံျဖစ္တဲ့အသင္းက ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိမွာျဖစ္လို႔ အေရးပါတဲ့ ဗိုလ္လုပြဲအျဖစ္ အႀကိတ္အနယ္ကစားခဲ့ၾကတာျဖစ္ပါတယ္။
_____________________________________________________________

မန်ယူကိုအနိုင်ယူပြီး ယူရိုပါလိဂ်ဖလားရရှိသွားတဲ့ စပါးအသင်း
======================
ယနေ့နံနက်အစာပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ စပါးအသင်းက မန်ယူအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဆွတ်ခူးရရှိသွားပါတယ်။

စပါးအသင်းဟာ ၁၇ နှစ်ကြာ ဆုဖလားတွေနဲ့ ဝေးကွာနေရာကနေ ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူနဲ့ စပါးအသင်းတွေဟာ ပရီးမီးယားလိဂ် အဆင့် ၁၆ နဲ့ ၁၇ နေရာတွေမှာ အခြေအနေ ဆိုးဆိုးရွားရွား ရပ်တည်နေကြပြီး ဒီပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းက ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်လို့ အရေးပါတဲ့ ဗိုလ်လုပွဲအဖြစ် အကြိတ်အနယ်ကစားခဲ့ကြတာဖြစ်ပါတယ်။