______________________________________________________
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကျင်းပမည်
==============================
ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို၌ ေ-သဆုံးထိခိုက်ဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရသည်။
ထိုကြောင့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲအား လာမည့် မေ ၃၀ ရက်နှင့် ၃၁ ရက်တို၌ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအားပြင်းထန်စွာခံစားခဲ့ရသည့် တိုင်း/ပြည်နယ်များတွင် မေ ၂၁ ရက်အထိ ေ-သဆုံးသူ(၃၇၂၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅၁၀၄)ဦးနှင့် ပျောက်ဆုံးသူ(၇၈)ဦးရှိကြောင်း နိုင် ငံပိုင်သတင်းဌာနဖြစ်သည့် MRTV ထံမှသိရသည်။