ျပည္ထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာပြင့္ဆန္း တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ အိမ္နီးခ်င္းနိုင္ငံမ်ားမွ နိုင္ငံေရးပါတီမ်ား ေဆြးေႏြးပြဲတက္ေရာက္ရန္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ထြက္ခြာ
ေမ ၂၀၊ ရန္ကုန္
ျပည္ထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာပြင့္ဆန္းႏွင့္ ဗဟိုေကာ္မတီဝင္ ေဒါက္တာသန္႔ေဇာ္လြင္တို႔သည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ ၂၀၂၅ခု ေမလ ၂၅/၂၆ ရက္ေန႔မ်ားတြင္ က်င္းပမည့္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ အိမ္နီးခ်င္းနိုင္ငံမ်ားမွ နိုင္ငံေရးပါတီမ်ား ေဆြးေႏြးပြဲတက္ေရာက္ရန္ ၂၀၂၅ခု ေမလ ၂၀ ရက္ေန႔ ၁၄၅၅ နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ ထြက္ခြာခဲ့ၾကပါသည္။
အဆိုပါေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံမွ ျပည္ထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအပါအဝင္ ပါတီ(၂)ခု တက္ေရာက္ေဆြးေႏြးမည္ျဖစ္ပါသည္။
ျပည္ထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာပြင့္ဆန္းႏွင့္အဖြဲ႕ ျပည္ပထြက္ခြာရာသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး ေကာ္မတီဝင္မ်ားမွ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လိုက္ပါပို႔ေဆာင္ ႏွုတ္ဆက္ခဲ့ၾကပါသည္။
___________________________________________________
ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ
==============================
မေ ၂၀၊ ရန်ကုန်
ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းနှင့် ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၂၅ခု မေလ ၂၅/၂၆ ရက်နေ့များတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲတက်ရောက်ရန် ၂၀၂၅ခု မေလ ၂၀ ရက်နေ့ ၁၄၅၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၂)ခု တက်ရောက်ဆွေးနွေးမည်ဖြစ်ပါသည်။
ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းနှင့်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်များမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။