မသန္စြမ္းသက္ငယ္သင္တန္းေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူေခၚယူ
လူမွုဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမွုဝန္ထမ္းဦးစီးဌာနလက္ေအာက္ရွိ ၾကည္ျမင္တိုင္မ်က္မျမင္ေက်ာင္းႏွင့္ စစ္ကိုင္းေက်ာင္းတို႔မွာ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္အတြက္ ေက်ာင္သား/သူသစ္ မ်ားကို တက္ေရာက္နိုင္ရန္ ထုတ္ျပန္ေၾကညာထားပါတယ္။
အဆိုပါထုတ္ျပန္ခ်က္အရ မ်က္မျမင္ေက်ာင္းမ်ားမွာ မ်က္စိလုံးဝမျမင္ရသူမ်ား၊ အျမင္အားျဖင့္ ၁/၁၀ ထက္ပို ၍ မျမင္ၾကသူမ်ား၊ ကုသ၍မရေသာ မ်က္မျမင္သူမ်ားကို လက္ခံေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တက္ေရာက္လိုေသာေက်ာင္းသားမ်ားအေနနဲ႔ အသက္ ၆ ႏွစ္မွ အသက္ ၁၈ ႏွစ္အတြင္းရွိသူ၊ အိမ္ေထာင္မရွိ သူ၊ မိဘ(သို႔မဟုတ္) အုပ္ထိန္းသူရွိရသူ၊ အျမင္အာ႐ုံမသန္စြမ္းမွုူမွအပ က်န္းမာေရးေကာင္းမြန္သူျဖစ္ၿပီး စာေပႏွင့္ အသက္ေမြးဝမ္းေက်ာင္းမ်ားကို သင္ယူလိုစိတ္ရွိသူ လာေရာက္ေလၽွာက္နိုင္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
အဆိုပါေက်ာင္းမ်ားမွာ တက္ေရာက္ခြင့္ရရွိၾကတဲ့ ေက်ာင္းသား/သူမ်ားကို စားေသာက္ေနထိုင္ေရးမ်ားကို နိုင္ငံေတာ္ က တာဝန္ယူေဆာင္ရြက္ေပးမွာျဖစ္ၿပီး ေက်ာင္းဝင္ေၾကးႏွင့္ေက်ာင္းအပ္ခမ်ား ေပးသြင္းရန္ မလိုအပ္ေၾကာင္း သိရပါတယ္။
တက္ေရာက္လိုေသာ ေက်ာင္းသား/ေက်ာင္းသူမ်ားအေနနဲ႔ ကိုယ္ေရးအခ်က္အလက္အျပည့္အစုံႏွင့္အတူ ပတ္စပို႔ဓာတ္ပုံ ၄ ပုံ၊ ဖြားစာရင္းမူရင္းႏွင့္မိတၱဴ၊ မိဘႏွစ္ဦးရဲ့ မွတ္ပုံတင္မူရင္းႏွင့္မိတၱဴ၊ အိမ္ေထာင္စုဇယားမူရင္းႏွင့္ မိတၱဴ၊ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမွူထံမွ ေနထိုင္ေၾကာင္း ေထာက္ခံခ်က္ႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္ က်န္းမာေရး ဌာနမွ ကူးစက္ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားႏွင့္အတူ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ လူမွုဝန္ထမ္း႐ုံး မ်ားမွ တစ္ဆင့္ေလၽွာက္ထားနိုင္တယ္လို႔ သိရပါတယ္။
အေသးစိတ္သိရွိလိုပါက လူမွုဝန္ထမ္းဦးစီးဌာန၊ မသန္စြမ္းသူမ်ား ဖြံ့ၿဖိဳးတိုးတက္ေရးဌာနစု၊ ဖုန္း-၀၆၇-၄၀၄၂၅၂၊ ၾကည္ျမင္တိုင္မ်က္မျမင္ေက်ာင္းဖုန္း ၀၁-၉၃၁၇၀၇၀၊ ၀၁-၉၃၁၇၁၂၆၊ ၀၉၄၂၀၁၃၈၆၆၁ ႏွင့္ စစ္ကိုင္း မ်က္မျမင္ေက်ာင္း ဖုန္း-၀၇၂-၂၂၂၃၇၊ ၀၉-၄၀၂၆၄၅၁၇၃ တို႔ကို(႐ုံးခ်ိန္အတြင္း) ဆက္သြယ္စုံစမ္းနိုင္တယ္လို႔ ထုတ္ျပန္ ထားပါတယ္။
___________________________________________
မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ
=====================================
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းကျောင်းတို့မှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်သား/သူသစ် များကို တက်ရောက်နိုင်ရန် ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ မျက်မမြင်ကျောင်းများမှာ မျက်စိလုံးဝမမြင်ရသူများ၊ အမြင်အားဖြင့် ၁/၁၀ ထက်ပို ၍ မမြင်ကြသူများ၊ ကုသ၍မရသော မျက်မမြင်သူများကို လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တက်ရောက်လိုသောကျောင်းသားများအနေနဲ့ အသက် ၆ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိသူ၊ အိမ်ထောင်မရှိ သူ၊ မိဘ(သို့မဟုတ်) အုပ်ထိန်းသူရှိရသူ၊ အမြင်အာရုံမသန်စွမ်းမှုူမှအပ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး စာပေနှင့် အသက်မွေးဝမ်းကျောင်းများကို သင်ယူလိုစိတ်ရှိသူ လာရောက်လျှောက်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါကျောင်းများမှာ တက်ရောက်ခွင့်ရရှိကြတဲ့ ကျောင်းသား/သူများကို စားသောက်နေထိုင်ရေးများကို နိုင်ငံတော် က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းဝင်ကြေးနှင့်ကျောင်းအပ်ခများ ပေးသွင်းရန် မလိုအပ်ကြောင်း သိရပါတယ်။
တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများအနေနဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံနှင့်အတူ ပတ်စပို့ဓာတ်ပုံ ၄ ပုံ၊ ဖွားစာရင်းမူရင်းနှင့်မိတ္တူ၊ မိဘနှစ်ဦးရဲ့ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူထံမှ နေထိုင်ကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဌာနမှ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံး များမှ တစ်ဆင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း-၀၆၇-၄၀၄၂၅၂၊ ကြည်မြင်တိုင်မျက်မမြင်ကျောင်းဖုန်း ၀၁-၉၃၁၇၀၇၀၊ ၀၁-၉၃၁၇၁၂၆၊ ၀၉၄၂၀၁၃၈၆၆၁ နှင့် စစ်ကိုင်း မျက်မမြင်ကျောင်း ဖုန်း-၀၇၂-၂၂၂၃၇၊ ၀၉-၄၀၂၆၄၅၁၇၃ တို့ကို(ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။