ဆီးဂိမ္းအတြက္ နိုင္ငံ့လက္ေရြးစင္ေရြးခ်ယ္ပြဲက်င္းပမည္
ထိုင္းနိုင္ငံတြင္က်င္းပမည့္ ၂၀၂၅ ခုႏွစ္ ဆီးဂိမ္းအတြက္ နိုင္ငံ့လက္ေရြးစင္ေရြးခ်ယ္ပြဲႀကီး National Esports Championship: Road to SEA Game 2025 ကို ေမလတတိယပတ္မွစ၍ စတင္က်င္းပသြားမည္ျဖစ္သည္။
ၿပိဳင္ပြဲကာလမွာ ေမလတတိယပတ္မွ ဇူလိုင္လ တတိယပတ္အထိ ႏွစ္လခန္႔ၾကာျမင့္မည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္အားကစားသမားမ်ားအေနျဖင့္ လက္ရည္စစ္ပြဲအတြက္ ေမလတတိယပတ္မွ စတင္စာရင္းေပးသြင္းနိုင္မည္ျဖစ္သည္။
National Esports Championship ၿပိဳင္ပြဲသည္ ျမန္မာနိုင္ငံ၏ အျမင့္ဆုံးေသာ Esports အားကစားၿပိဳင္ပြဲျဖစ္ၿပီး လက္ရည္စစ္ပြဲအဆင့္၊ အုပ္စုၿပိဳင္ပြဲအဆင့္၊ ေနာက္ဆုံးအဆင့္ဖိုင္နယ္ၿပိဳင္ပြဲႀကီးဟူ၍ အဆင့္သုံးဆင့္ခြဲကာ ယွဥ္ၿပိဳင္သြားရမည္ျဖစ္သည္။ၿပိဳင္ပြဲဝင္အသင္းမ်ားအေနျဖင့္ ယခင္က်င္းပခဲ့ေသာ MESL Pro series Season 2 မွ ေလးသင္း၊ လူငယ္လက္သစ္မ်ားအတြက္ ရည္ရြယ္ေသာ Foundation Qualifier ၿပိဳင္ပြဲမွ ႏွစ္သင္းႏွင့္ လာမည့္ NEC Open Qualifier မွ ေလးသင္း စုစုေပါင္း ၁၀ သင္း ယွဥ္ၿပိဳင္သြားရမည္ျဖစ္သည္။
_________________________________________
ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကျင်းပမည်
======================
ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကြီး National Esports Championship: Road to SEA Game 2025 ကို မေလတတိယပတ်မှစ၍ စတင်ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လက်ရည်စစ်ပွဲအတွက် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်ကျင်းပခဲ့သော MESL Pro series Season 2 မှ လေးသင်း၊ လူငယ်လက်သစ်များအတွက် ရည်ရွယ်သော Foundation Qualifier ပြိုင်ပွဲမှ နှစ်သင်းနှင့် လာမည့် NEC Open Qualifier မှ လေးသင်း စုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။