စိတ်နဲ့ ထိန်းချုပ်နိုင်တော့မယ့် Apple iPhone
သိပ်မကြာခင်မှာ iPhone ကို လက်နဲ့ ကိုင်စရာ မလိုတော့ဘဲ စိတ်နဲ့ ထိန်းချုပ်ကာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနည်းပညာဟာ အာရုံကြောေ-သနေသူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် တော်တော် အသုံးဝင်မှာပါ။
Apple က စိတ်နဲ့ iPhone တွေကို ထိန်းချုပ်နိုင်ဖို့ Brain-computer Interface (BCI) ကုမ္ပဏီ Synchron နဲ့ ပူးပေါင်းလိုက်ပါတယ်။ ဦးနှောက်ထဲ Chip ထည့်သွင်းပြီး စိတ်နဲ့ အီလက်ထရောနစ် ကိရိယာတွေကို ထိန်းချုပ်တဲ့ နည်းပညာအကြောင်းတွေကို တွေ့ခဲ့ရပြီးပါပြီ။ Synchron ရဲ့ နည်းပညာက ထူးခြားပါတယ်။ ခွဲစိတ်စရာ မလိုဘဲ Stentrode လို့ ခေါ်တဲ့ ဆန်ဆာတွေပါတဲ့ သတ္တုပြားလေးကို ဦးနှောက်အနားမှ သွေးကြောမှာ ထည့်သွင်းထားနိုင်ပါတယ်။
Stentrode က လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဦးနှောက်လှိုင်းတွေကို ဖမ်းယူပြီး External Device တွေထံ ကြိုးမဲ့ ပေးပို့နိုင်ပါတယ်။ အဲဒီကနေ iPhone ကို စိတ်နဲ့ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ Apple ဟာ Accessibility Feature တွေထဲမှာ Synchron ရဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။
ဒီနည်းပညာကို အကြောေ-သနေတဲ့ လူနာ တစ်ယောက်နဲ့ စမ်းသပ်ကြည့်တဲ့အခါ လူနာဟာ Apple Vision Pro မှာ ဂိမ်းကစားတာ၊ ဗီဒီယို ကြည့်တာနဲ့ Message ပေးပို့တာတွေ ပြုလုပ်နိုင်ပါတယ်။
Ref : Tech Explorers