ONE Friday Fights 109 ျမန္မာဖိုက္တာ အဲမြီ တြဲဆိုင္းပါဝင္မည္

ေမ ၂၃ ရက္တြင္ ထိုင္းနိုင္ငံ၌ က်င္းပ ONE Friday Fights 109 = ျမန္မာဖိုက္တာ အဲမြီ တြဲဆိုင္းပါဝင္လာမည္ျဖစ္ပါတယ္။

အဲမြီဟာ ထိုင္းလူငယ္ဖိုက္တာ ဝပ္တီရိုင္ ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္ၿပီး Co-Main – Event အျဖစ္ ယွဥ္ၿပိဳင္ရမည္ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္သာရွိေသးသည့္ ဝပ္တီရိုင္ သည္ ONE ႏွင့္ ယခုႏွစ္မွစတင္လက္တြဲထား ၿပီး တစ္ပြဲထိုးသတ္ရာ တစ္ပြဲအနိုင္ရထားပါတယ္။

အဲမြီဟာ ONE ႏွင့္ ေလးပြဲထိုးသတ္ထားရာ ႏွစ္ပြဲနိုင္၊ ႏွစ္ပြဲရွုံးနိမ့္ထားၿပီး ယခုႏွစ္အတြင္း ထိုးသတ္သည့္ႏွစ္ပြဲတြင္ တစ္ပြဲနိုင္၊ တစ္ပြဲရွုံးနိမ့္ထားေၾကာင္းသိရပါတယ္။
___________________________________________
ONE Friday Fights 109 မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းပါဝင်မည်
===============================

မေ ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပ ONE Friday Fights 109 = မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းပါဝင်လာမည်ဖြစ်ပါတယ်။

အဲမွီဟာ ထိုင်းလူငယ်ဖိုက်တာ ဝပ်တီရိုင် နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး Co-Main – Event အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးသည့် ဝပ်တီရိုင် သည် ONE နှင့် ယခုနှစ်မှစတင်လက်တွဲထား ပြီး တစ်ပွဲထိုးသတ်ရာ တစ်ပွဲအနိုင်ရထားပါတယ်။

အဲမွီဟာ ONE နှင့် လေးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး ယခုနှစ်အတွင်း ထိုးသတ်သည့်နှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားကြောင်းသိရပါတယ်။