ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္နိုင္ငံမွ ျပန္လည္ေရာက္ရွိ
ေမ ၂၀၊ ရန္ကုန္
ဘယ္လာ႐ုစ္နိုင္ငံ၊ Belays Rus ပါတီ၏ ဖိတ္ၾကားခ်က္အရ ေမလ (၁၅)ရက္ေန႔မွ (၁၇) ရက္ေန႔အထိ က်င္းပခဲ့ေသာ ႏွစ္ (၈၀)ျပည့္ Great Patriotic War ႏွင့္ ႐ုရွား၊ အဇာဘိုင္ဂ်န္၊ အာေမးနီးယား၊ ဗင္နီဇြဲလား၊ ဗီယက္နမ္၊ အီရန္၊ ကာဇက္စတန္၊ တ႐ုတ္၊ က်ဴးဘား၊ ျမန္မာ၊ ပါလက္စတိုင္း၊ ဆားဘီးယား၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ကစၥတန္စသည့္ နိုင္ငံေရးပါတီမ်ားမွ ပါတီကိုယ္စားလွယ္မ်ားႏွင့္ ပညာရွင္မ်ား စုစုေပါင္း ၄၉၂ ဦးပါဝင္ေသာ International Inter-Party Conference အခမ္းအနားသို တက္ေရာက္ခဲ့သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲသည့္ ၂၀၂၅ ခုႏွစ္၊ ေမလ (၂၀)ရက္ေန႔ ၀၀၀၅ အခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို ျပန္လည္ေရာက္ရွိခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဗဟိုအလုပ္အမွုေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားက ႀကိဳဆိုခဲ့ၾကပါသည္။
အဆိုပါ ခရီးစဥ္တြင္ ပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာပါတီကိုယ္စားလွယ္အဖြဲ႕သည္ International Inter-Party Conference တြင္ ပါဝင္ေဆြးေႏြျခင္း ၊ က႑အလိုက္ေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ေဆြးေႏြးျခင္းမ်ားအျပင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီႏွင့္ ဘယ္လာ႐ုစ္နိုင္ငံ အနိုင္ရပါတီျဖစ္သည့္ Belaya Rus ပါတီ ႏွစ္နိုင္ငံပါတီခ်င္း ပါတီလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကိုလည္း လက္မွတ္ေရးထိုးနိုင္ခဲ့ေၾကာင္း သိရွိရပါသည္။
____________________________________________
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံမှ ပြန်လည်ရောက်ရှိ
===================
မေ ၂၀၊ ရန်ကုန်
ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ မေလ (၁၅)ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သော နှစ် (၈၀)ပြည့် Great Patriotic War နှင့် ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊ တရုတ်၊ ကျူးဘား၊ မြန်မာ၊ ပါလက်စတိုင်း၊ ဆားဘီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်စသည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များနှင့် ပညာရှင်များ စုစုပေါင်း ၄၉၂ ဦးပါဝင်သော International Inter-Party Conference အခမ်းအနားသို တက်ရောက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲသည့် ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ၀၀၀၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များက ကြိုဆိုခဲ့ကြပါသည်။
အဆိုပါ ခရီးစဉ်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောပါတီကိုယ်စားလှယ်အဖွဲ့သည် International Inter-Party Conference တွင် ပါဝင်ဆွေးနွေခြင်း ၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းများအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်သည့် Belaya Rus ပါတီ နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။