ဒန့်သလွန်ရွက်(Morigna leaves)ဟာ တကယ်ကို အာဟာရဓာတ်တွေ ပြည့်ဝတဲ့ အစားအစာတစ်မျိုးပါ

ဒန့်သလွန်ရွက်/ အမှုန့် သောက်ခြင်းဖြင့်အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။
ဒန့်သလွန်ရွက်မှာ ဗီတာမင်ဓာတ်တွေ (ဗီတာမင်C ဗီတာမင်Aနှင့် ဗီတာမင်B)၊သတ္တုဓာတ်တွေ (ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်လိုမျိုး) နဲ့ ပရိုတင်းဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
ဒန့်သလွန်ရွက်ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တယ်လို့ ညွှန်ပြထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအတွက် အသုံးဝင်ပါတယ်။
ဒန့်သလွန်ရွက်မှာပါဝင်တဲ့ တချို့ဒြပ်ပေါင်းတွေဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျှော့ချပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
ဒန့်သလွန်ရွက်မှာဟာကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
ကျန်းမာသော အသားအရေနှင့် ဆံကေသာကို အားကောင်းစေပါတယ်။
ကိုယ်ခံအားစနစ်ကို လည်းမြှင့်တင်ပေးပါတယ်။
ဒန့်သလွန်ရွက်ကို ဟင်းရည်အဖြစ် သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါသည်။ ဒန့်ဒလွန်ရွက်အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်၍ ချက်ပြုတ်ခြင်းများကိုလည်း နိုင်ငံအရပ်ရပ်တွင် တွေ့ရှိရလေ့ရှိသည်။
ရိုးရာအသုံးပြုမှုများအနေနဲ့ရိုးရာဆေးပညာမှာ ဒန့်သလွန်ရွက်ကို အစာခြေစနစ်ပြဿနာတွေ ကုသဖို့၊ ခွန်အားတိုးမြှင့်ဖို့နဲ့ နို့တိုက်မိခင်တွေမှာ နို့ထွက်အားကောင်းစေဖို့ အပါအဝင် အမျိုးမျိုးသောအသုံးပြုမှုတွေအတွက် အသုံးပြုခဲ့ကြပါတယ်။