______________________________________________
FA ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိသွားတဲ့ ခရစ္စတယ်ပဲလေ့စ်
=============================
မန်စီးတီးအသင်းကို အနိုင်ယူကာ FA ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းသည် သမိုင်းတစ်လျှောက် ၄၅ သင်းမြောက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ထို့ကြောင့် လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ လိဂ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၄-၂၅ ရာသီ FA ဖလား ဗိုလ်လုပွဲကို မေ ၁၇ ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပရာ ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ပဲလေ့စ်အသင်းအနေဖြင့် ပထမဆုံး မေဂျာချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သလို ဥရောပပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။