𝐀𝐈-𝐆𝐞𝐧𝐞𝐫𝐚𝐭𝐞𝐝 𝐓𝐞𝐱𝐭 နဲ့ 𝐇𝐮𝐦𝐚𝐧-𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐓𝐞𝐱𝐭 ကို ဘယ်လိုခွဲခြားသိနိုင်လဲ❓

▪️ယနေ့ခေတ်ကြီးမှာ AI နည်းပညာဟာ ကျမတို့နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး အထူးသဖြင့် ကျောင်းသားလူငယ်တွေဟာ ChatGPT လို AI Tools တွေကို Essay ရေးခြင်း၊ Assignmentရေးခြင်းနဲ့ သုတေသနပြုခြင်းတွေမှာ အသုံးပြုလာကြပါတယ်။ ကျမကတော့ ဖတ်ကြည့်ရုံနဲ့ AI-Generated Text လား Human-Written Text လားဆိုတာကို AI detector tools တွေသုံးပြီးစစ်စရာမလိုပဲ အကြမ်းဖျင်းခန့်မန်းနိုင်ပါတယ်။ ဒါကြောင့် AI ကရေးပေးတဲ့စာ (AI-Generated Text) တွေကို ဘယ်လိုခွဲခြားသိနိုင်သလဲ ဆိုတာနဲ့ AI ကိုအသုံးပြုရင်တောင် ဘယ်လိုရေးရင် သဘာဝကျကျနဲ့ Flag မဖြစ်အောင်ရေးနိုင်မလဲဆိုတာကို ဆွေးနွေးရေးသားချင်ပါတယ်။

1️⃣ 𝐖𝐨𝐫𝐝𝐬 (စကားလုံးအသုံးအနှုန်းများ)

Chat GPT လို AI-generated text တွေမှာ “delve”, “intricate”, “realm”, “leverage” တို့လိုစကားလုံးတွေ အလွန်အမင်းပါလေ့ရှိပါတယ်။ ဒီလိုစကားလုံးတွေ စာတစ်ပိုဒ်ထဲမှာ ခဏခဏတွေ့ရင် AI ရေးထားနိုင်ခြေများပါတယ်။

2️⃣ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 (ဝါကျတည်ဆောက်ပုံ)

AI-generated text တွေမှာ participial phrases (အထူးသဖြင့် present participle -ing နဲ့စတဲ့ phrase တွေ) အလွန်အကျွံသုံးလေ့ရှိပါတယ်။

Participial phrase ဆိုတာ verb (ကြိယာ) ကို adjective (နာမဝိသေသန) အဖြစ်သုံးထားတဲ့ phrase ဖြစ်ပါတယ်။

ဥပမာ – “He sat by the fire, looking out the window” ဒါမှမဟုတ် “She entered the room, smiling brightly” ဆိုတဲ့ဝါကျမျိုးတွေပါ။ ဒီလို -ing နဲ့ဆုံးတဲ့ စကားစုတွေကို AI က မကြာခဏထည့်တတ်ပါတယ်။

3️⃣ 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 (ပြီးပြည့်စုံပြီး စနစ်ကျတဲ့တည်ဆောက်ပုံ)

AI ရေးတဲ့စာတွေရဲ့ နောက်ထပ်လက္ခဏာတစ်ခုက စာပိုဒ်ဖွဲ့စည်းပုံအရမ်းပြည့်စုံလွန်းပြီး စနစ်တကျ Perfect ဖြစ်နေတတ်ပါတယ်။ နိဒါန်းမှာ အကြောင်းအရာကို ရှင်းလင်းစွာမိတ်ဆက်ခြင်း၊ စာပိုဒ်တိုင်းမှာ Topic Sentence တွေ ပါဝင်ခြင်း၊ စာပိုဒ်တစ်ခုနဲ့တစ်ခုကြား Transition တွေ သေသပ်စွာပါဝင်ခြင်း၊ “In conclusion”, “To summarize” စတဲ့ နိဂုံးချုပ်စကားလုံးတွေနဲ့ အဆုံးသတ်ခြင်း စသည်ဖြင့် အလွန်ပြည့်စုံကောင်းမွန် Perfect ဖြစ်နေတတ်ပါတယ်။

တကယ်တော့ လူတစ်ယောက်က ဒီလိုပြည့်စုံတဲ့စာကို ရေးနိုင်ပေမယ့် အကြိမ်ကြိမ်ပြင်ဆင်ပြီးရေးသားရပါတယ်။ တကယ်လို့ ကျောင်းသားတစ်ယောက်က အချိန်တိုအတွင်း ဒီလိုစနစ်ကျတဲ့စာမျိုး တင်ပြလာရင် AI သုံးထားနိုင်ခြေများပါတယ်။

4️⃣ 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐏𝐮𝐧𝐜𝐭𝐮𝐚𝐭𝐢𝐨𝐧 (ပုဒ်ဖြတ်၊ပုဒ်ရပ်နှင့် သဒ္ဒါအသုံးအနှုန်း)

AI ရေးတဲ့စာတွေမှာ နောက်ထပ်သတိထားမိနိုင်တဲ့အချက်က Comma၊ Semicolon စတဲ့ပုဒ်ဖြတ်ပုဒ်ရပ်တွေကိုလည်း အမှားအယွင်းမရှိ အသုံးပြုထားတတ်ပါတယ်။ ပြီးတော့ em dash (—) တွေအများကြီးပါတတ်ပါတယ်။

🔺ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေရုံနဲ့ AI generated texts လို့ မသတ်မှတ်နိုင်ပေမယ့်လည်း အားလုံးပေါင်းစပ်ပါဝင်နေရင်တော့ AI ကရေးထားတဲ့စာဖြစ်နိုင်ခြေများပါတယ်။

▪️နောက်ထပ်အချက်တွေကိုဖြည့်စွက်ပြောရမယ်ဆိုရင်တော့ AI က အမြဲ update မဖြစ်ပါဘူး ။ ဥပမာအားဖြင့် 2021 ခုနှစ်ကအချက်အလက်တွေကို ကိုးကားပြီး 2025 အတွက် assignment ရေးမယ်ဆိုရင် AI ဟာ မကြာသေးမီက ဖြစ်ရပ်တွေကို မကိုးကားနိုင်တာတွေ့ရပါလိမ့်မယ်။

▪️AI ရေးသားချက်တွေကိုကြည့်မယ်ဆိုရင် အရမ်းကို General ယေဘုယျဆန်တာကိုလည်း တွေ့ရပါလိမ့်မယ်။ research ခေါင်းစဉ်တစ်ခုပေးပြီး Abstract (သို့) Introduction ရေးခိုင်းကြည့်လိုက်ပါ။ အရမ်းကို General ဆန်ပြီး အကြောင်းအရာတစ်ခု၊ အချက်တစ်ခုကိုပဲ လည့်ပတ်ပြီးအထပ်ထပ်အခါခါရေးသားနေတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ:

-“Education is vital for personal growth. Education helps individuals develop skills. Education is the key to success.”

ဒီလိုမျိုး တစ်ချက်တည်းကိုပဲ ထပ်ခါထပ်ခါရေးနေတာမျိုးပါ။ ကိုးကားချက်များဟာလည်း ရှင်းလင်းခြင်းမရှိပါဘူး။

▪️ပြီးတော့ လူတိုင်းမှာ ကျမတို့ရဲ့ ကိုယ်ပိုင်စာရေးဟန်ဆိုတာရှိပါတယ်။ ကျမရေးတဲ့ စာကိုဖတ်ဖူးတဲ့သူတွေဆိုရင် ကျမရဲ့ စာရေးဟန်ကို ဂရုပြုမိမှာပါ။ အသုံးများတဲ့စကားလုံးတွေ၊ ဝါကျတည်ဆောက်ပုံပုံစံ၊ စကားပြောတဲ့ပုံစံ AI ကဒီလို “writer’s fingerprints” တွေမထုတ်ပေးနိုင်ပါဘူး။

✅ တကယ်လို့ ChatGPT ကိုအသုံးပြုမယ်ဆိုရင်တောင် အထက်မှာပြောခဲ့တဲ့ ဒီလိုထပ်ခါတလဲလဲသုံးနေတဲ့ စကားလုံးတွေ၊ စာကြောင်းဖွဲ့စည်းပုံတွေကို ရှောင်ရှားပြီး ကိုယ်ပိုင်စကားလုံးတွေနဲ့ ပြန်လည်ရေးသားသင့်ပါတယ်။

ဥပမာ:

✔️ChatGPT ကို “Avoid using words like delve, intricate, and tapestry” လို့ customize လုပ်ပါ။

✔️ ChatGPT ကို “Don’t overuse participial phrases” လို့ပြောပါ။ ရိုးရိုးဝါကျတွေနဲ့ ပြန်ရေးပါ (ဥပမာ -“She smiled as she entered the room.”)

✔️ Prompt တွင် “Avoid academic clichĂŠs” လို့ထည့်ရေးနိုင်ပါတယ်။

✔️ “Use simpler language” လို့လဲညွှန်ကြားနိုင်ပါတယ်။

✔️ ChatGPT ကို “Add a personal tone” လို့ညွှန်ကြားပြီး လူသားဆန်အောင်ရေးနိုင်ပါတယ်။

✔️ကိုးကားချက်တွေတိကျအောင် “Provide specific sources” လို့AI ကိုတောင်းဆိုနိုင်ပါတယ်။

🔹 အကြံပြုချင်တာကတော့ AI ကို Reference တစ်ခုအနေနဲ့သာ သုံးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်စကားလုံးတွေနဲ့ ပြန်လည်ရေးသားသင့်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်စာရေးဟန်ကိုထိန်းပြီး Grammarly လို tools သုံးပြီး grammar check ပြီးလိုအပ်တာတွေပြုပြင်နိုင်ပါတယ်။

🔺အရေးကြီးဆုံးအချက်အနေနဲ့ ကျောင်းသား/သူများဟာ AI ကိုအားကိုးပြီး Academic Writing စာရေးနည်းကို လုံးဝမလေ့လာဘဲ မနေသင့်ပါဘူး။ စာရေးခြင်းဟာ ကျမတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှင်းလင်းတိကျစွာ ဖော်ပြနိုင်စွမ်းကို တိုးတက်စေပါတယ်။ ကိုယ့်အယူအဆနဲ့ အတွေးအမြင်တွေကို တဖက်လူက နားလည်လက်ခံအောင်စည်းရုံးနိုင်စွမ်းကိုလည်းတိုးတက်စေပါတယ်။

ဒါကြောင့် AI ကို အထောက်အကူပြုကိရိယာတစ်ခုအနေနဲ့သာ မှန်မှန်ကန်ကန်အသုံးချပြီး၊ ကိုယ်ပိုင်စာရေးနည်းကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြဖို့ တိုက်တွန်းချင်ပါတယ်။

🔹နိဂုံးချုပ်အနေနဲ့ပြောရရင် ကျမတို့က AI ကိုညွှန်ကြားမှာလား၊ AI ရဲ့ညွှန်ကြားချက်အတိုင်း ကျမတို့က လိုက်လုပ်မှာလား။ ကျမတို့က AI ကို ဆရာတင်မှာလား??? ကျမကတော့ AI ကို ဆရာ မတင်ပါဘူး။ ကျမကပဲ ညွှန်ကြားချက်တွေပေးပြီး AI ကို ဆရာပြန်လုပ်ပြီးစေခိုင်းမှာပါ။ ဒီလို ညွှန်ကြားပြီးစေခိုင်းနိုင်ဖို့ဆိုရင် ကျမတို့ရဲ့ Critical Thinking နဲ့ Analytical Skills တွေဟာ AI ထက်ပိုပြီး မြှင့်နေဖို့လိုပါတယ်။

မိတ်ဆွေများအားလုံး သုတေသနခရီးလမ်းမှာ အောင်မြင်ကြပါစေ! 🎓✨